
သေဆုံးသူ အမျိုးသမီးသည် အသက် (၂၅)နှစ်ကျော်အရွယ် အရပ်(၅)ပေခန့်၊ ဆံပင်ဂုတ်ထောက် (အနက်) ရောင်ရှိပြီး ၎င်း၏ယာဘက်လက်ဖျံအတွင်းဘက်တွင်``သွေး´´ဟူသော စာတန်းပါရှိသည့် ဆေးမှင်ကြောင် အရုပ် ပါရှိသည့်အတွက်ပြည်သူများ မိမိတို့ပတ်ဝန်းကျင်တွင် အဆိုပါ ဆေးမှင်ကြောင်အရုပ်ထိုးထားပြီး ပျောက်ဆုံးနေသော အမျိုးသမီးရှိ မရှိ ကူညီစုံစမ်းပေးရန်နှင့် ရှိခဲ့ သိခဲ့လျှင်
ရဲအုပ်ဇော်လွင်ဦး (၀၉ ၄၉၄၄၅၂၈၈)၊
ဒုရဲအုပ်သန်းထွန်း (၀၉ ၄၃၀၁၅၅၆၄)၊
ဒုရဲအုပ်သောင်းနိုင် (၀၉ ၇၃၁၂၈၅၆၈)၊
ဒုရဲအုပ်အောင်ကိုလတ်(၀၉ ၄၉၃၄၀၆၈၈) ဖုန်းနံပါတ်များသို့ ရဲဝံ့စွာ သတင်းပေးပို့ ကူ ညီနိုင်ရန် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေထားကြောင်း သိရှိရသည်။
``ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသတ်တရားခံ ဖော်ထုတ်နိုင်ဖို့က သေတဲ့ မိန်းကလေး ဘယ်သူ၊ ဘယ်ကဆိုတာ ပြည်သူတွေ သတင်းပေးကူညီဖို့ လိုအပ်နေပါတယ်။ ဂျာနယ် တွေမှာလည်း ဖော်ပြရေးသားပြီး ကူညီပေးစေချင်ပါတယ်´´ ဟု မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဇော်အေးနိုင် (၀၉ ၄၀၀၄၇၀၁၇၁) က ပြောပြပါသည်။
ရဲဇာနည်မှ အကူအညီတောင်းခံသတင်း
ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက်ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်
၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်း တံတားအောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရဖြူးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေး ပုံမှန်လမ်း မိုင်တိုင် အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်းစပ်တွင်““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံးတီး အလောင်းတစ်လောင်းနှင့် မိုင်တိုင်အမှတ်(၁၃၈/၂)အနီး လမ်းဘေးတွင်အမျိုးသမီးဦးခေါင်းပြတ်တစ်ခု ထပ်မံတွေ့ရှိ၍ ဖြူးရဲစခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။
အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ် ကြောင်း သိရှိသတင်းပေးလိုပါကမှုခင်းရဲတပ်ဖွဲ့မှူးရုံး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။