/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 25, 2013

.

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ

၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုး အမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်းစိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင် တန်ငွေ စက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး သက်သေများ နှင့်အတူဝင်ရောက်စစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်း အသွင် ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်နေသူ မစန္ဒာဦး(၃၃)နှစ်နှင့် မနန်းပိုး အိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦးတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ရဲလှိုင်ဦးအား လားရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့် တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(က)ဖြင့် လည်းေ ကာင်း၊ မစန္ဒာဦးနှင့်မနန်းပိုးအိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့် လည်းကောင်း အသီး သီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည် ။

ရဲဇာနည်

Credit : Here

1 comment:

  1. အသွင်ယူသက်သေကဘာလဲ။ရဲလား။ရဲနောက်လိုက်လား။ ဈေးညှိတာမကိုက်လို့ဖမ်းတာလား။ အစကတည်းက လုပ်မှန်းသိနေရင် ၀ရမ်းယူပြီးဖမ်းပါလား။ဧကန်ဒ လိုင်းကြေးမပေးလို့ဖြစ်မယ်။ရဲတွေက ယူနီဖောင်းကောပါရဲ့လားကွာ။တော်ကြာပျော်ဘို့လာပြီးမှဈေးမကိုက်လို့အရှက်ရပြီးဖမ်းတာလို့ထင်နေကြဦးမယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။