/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 25, 2013

.

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာ၌ လုံထိန်းနှင့် ရွာသားများ ပဋိပက္ခဖြစ်ပွားလျက်ရှိဟုဆို

လက်ပံတောင်းတောင် ဆည်တည်းကျေးရွာနေ မရီရီဝင်းပိုင်မြေကွက်၌ မနက်(၉)နာရီက လယ် သမားများထွန်ယက်နေစဉ် လုံထိန်းအင်အား(၅၀၀)ဖြင့် လယ်သမားများကို ဝင်ရောက် ရိုက်နှက်ဖမ်းဆီး ခဲ့ကြောင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် မှ ကိုဟန်ဝင်းအောင် ကပြောသည်။

ဖြစ်စဉ်တွင် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန် ယက်မှ ကိုအောင်စိုးအပါအဝင်(၆)ဦးခန့် ကိုဖမ်းဆီးသွားပြီး ကျန်နေသူများကိုထပ်မံ ရိုက်နှက်ခဲ့ကြောင်း ၊ မိုးကြိုးပြင်ရွာနေ ကိုဝင်းကျော်ပိုင်မြေကွက် ရှိလယ်သမားများကိုလည်းဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ၄င်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသားများကွန်ယက် တာဝန်ခံ ကိုသောင်းထိုက် အကြမ်းဖက် ဖမ်းဆီးသော်လည်း လယ်သမားများပြန် လည်လုယူနိုင်၍ လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင်လုံထိန်းများနှင့် ဒေသခံရွာသားများ နှစ်ဖက်ရင်ဆိုင်ပဋိပက္ခ ဖြစ်ပွားလျက်ရှိနေပြီဟု သိရသည်။

Popular myanmar news journal

Credit : Here

2 comments:

  1. မင်းတို့ရဲတွှေခိုင်းတာဘဲလုပ်တတ်လား

    ReplyDelete
  2. အားလုံးအဆင်ပြေအောင်နေမှပေါ့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။