/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 25, 2013

.

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီဒုက္ခသည်စာရင်းကောက်မည်

ရခိုင်ပြည်နယ်အတွင်း တရားမ၀င်ရောက်ရှိနေထိုင်လျက်ရှိသော ဘင်္ဂလီလူမျိုးများအား အိမ်ထောင်စု လူဦး ရေစာရင်း စစ်ဆေးရေး (ဆွဲ၊တင်၊စစ်)လုပ်ငန်းအားစီမံချက် ရေးဆွဲကောက်ခံသွား မည်ဟု ဧပြီလ ၂၄ ရက် နေ့က ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေး အဖွဲ့ မှ မီဒီယာများသို့ ပြောကြားလိုက်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများ၏ စာရင်းမှာ တည်ငြိမ်မှုမရှိသေးသည့်ပြင် တစ်ချို့မှာ နေရာဒေသများကိုလည်း ဖျောက်ဖျက်ထားကြောင်းသိရသည်။ ယင်းသို့ မတည်မငြိမ်ဖြစ်နေသော ဘင်္ဂလီ ဒုက္ခသည်စာရင်း အား စနစ်တကျ ကောက်ခံသွားမည်ဖြစ်ပြီးမှသာ နေရာချထားရေးကို ထည့်တွက်စဉ်းစားနိုင်မည် ဟုလည်း သိရသည်။

စာရင်းကောက်ယူရန်အတွက် ရာထားချက်များမှာ -


(၁) မောင်တောတွင် ဘင်္ဂလီ အိမ်ထောင်စု ၉၀၁၃၉၊ ကမန်၂၊မရမာကြီး ၅၅၊အိန္ဒိယ၅၃၄၊အခြား ၇၂ ၊စုစုပေါင်း အိမ်ထောင်စု ၉၀၈၀၂ ရှိမည်ဟုခန့်မှန်းကြောင်း။

(၂) ကျောက်ဖြူတွင် ဘင်္ဂလီ ၁၉၇၃၊ကမန် ၄၅၃၊မရမာကြီး ၁၃၆၊ဟိန္ဒူ ၄၄၊ အခြား ၆၊ အိမ်ထောင်စုပေါင်း ၂၆၁၂ ရှိမည်ဟုခန့်မှန်းကြောင်း။

(၃)စစ်တွေတွင် ဘင်္ဂလီ ၃၃၉၂၇ ၊ကမန် ၇၀၈ ၊မရမာ ကြီး ၁၀၉၂ ၊ဟိန္ဒူ ၃၆၈ ၊အခြား ၁ အိမ်ထောင်စု ပေါင်း ၄၆၀၉၆ ရှိမည်ဟုခန့်မှန်းကြောင်း၊

(၄)သံတွဲတွင် ဘင်္ဂလီ ၁၇၉၇၊ ကမန် ၅၄၆၊မရမာကြီ ၂၊ဟိန္ဒူ ၂၊ အခြား ၈စုစုပေါင်းအိမ်ထောင်စု ၂၃၅၅ ရှိမည်ဟုခန့်မှန်းကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီများအား စာရင်းကောက်ယူရာတွင်မြို့နယ် ၁၄ ခုတွင် ရှိနေသည့် ဘင်္ဂလီအိမ်ထောင်စုများအား ဆွဲ၊တင်၊စစ် စနစ်ဖြင့်ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းအတိအကျ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသား ဒုက္ခ သည်များ၏စာရင်းမှာ တည်ငြိမ်မှုရှိပြီး စာရင်းကောက်ခံရာ တွင်လည်း အတည်ငြိမ်ဆုံး ကိန်းဂဏန်းကိုရရှိထားသော်လည်း ဘင်္ဂလီဒုကသည်စာရင်းမှာ မကြာခဏ ပြောင်းလဲနေပြီး စစ်ဆေးတိုင်း တည်ငြိမ်မှုမရှိသည်ကိုတွေ့ရသဖြင့် ဧပြီ ၂၆ ရက်နေ့မှမေလ ၁၅ ရက်နေ့ထိ ရက်ပေါင်း ၂၀ ခန့်ကြာ စာရင်းပြုစုကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ဂျွန်လ ၃၀ တွင် ဘင်္ဂလီလူဦးရေစာရင်း အား အတည်ပြု ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ ဘင်္ဂလီ ဒုက္ခသည် လုံးဝမရှိသော မောင်တောမြို့နယ်ကဲ့သို့သော နေရာများတွင်လည်း ကောက်ခံမည်ဖြစ်ကြောင်း၊ ဘင်္ဂလီများသည် စာရင်းကောက်ခံရာတွင် အနှောက်အယှက်ဖြစ်အောင် ရွှေ့ပြောင်းနေထိုင်ကြသည့် အတွက် စာရင်းများအား ထပ်မံကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းမှ စာရင်းအတိကျကိုရရှိနိုင်မည် ဖြစ် ကြောင်း လည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ ရှိသော ဘင်္ဂလီအင်အားကိုသိလိုခြင်း၊ ခိုးဝင်ခိုးထွက် လူစာရင်းများအား သိလိုခြင်း တို့ကြောင့် ကောက်ခံရန်ပြင်ဆင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်ဟုသိရသည်။

မြန်မာနိုင်ငံအတွင်း သတ်မှတ်ထားသော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ သာရှိကြောင်း၊ ယင်းအတွက် စာရင်းကောက်တဲ့သည့်အခါတွင် ရိုဟင်ဂျာစာရင်းကောက်မည်မဟုတ်ကြောင်း၊ ဘင်္ဂလီစာရင်းကို သာ ကောက်မည်ဖြစ်ကြောင်း။ ဘင်္ဂလီဟု လွတ်လပ်ရေးမရမီကပင် သုံးစွဲခဲ့သည့် အတွက် ၊စာရေးရာတွင် လည်း ဘင်္ဂလီဟုသာ မှတ်တမ်းပြုစုထားခဲ့ခြင်းများရှိသည့် အတွက် ဘင်္ဂလီကိုသာ ထည့်သွင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးလှသိန်းကပြောကြားခဲ့သည်ဟုသိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။