/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 8, 2013

.

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း


မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။


အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက် တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက် နိုင်ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်၊ ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ် ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါတယ်၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။