/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 8, 2013

.

စင်းကဒ် ၁၅၀၀ ဆို ဒီကောင်တွေ ဘာပြောမလဲ သိချင်တယ်ဆိုလို့ 

(1) ပြည်တွင်းနိုင်ငံရေးကျော်ကြီးများ - "ဒါ အစိုးရ သက်သက် အာရုံလွဲတာပါ""စင်းကဒ်တွေ များများထုတ်ပေးပြီးဖုန်းတွေ များများပြောတော့ အဓိဂရုဏ်းတွေများများဖြစ်အောင် ဖန်တီးလို့ ရတာပေါ့၊၊"

(2) လက်ပံတောင်း သူရဲကောင်းကြီး - "ဗီနိုင်းတွေပြင်ထား၊ငါ့တို့ တောင်းဆိုတာ ၅၀၀၀ ခု ၁၅၀၀ ဆိုတော့ ၃၅၀၀ ကွာနေတယ်၊၊ ဒါအခွင့်ကောင်းပဲ၊၊ တောင်ပေါ်က နှစ်ယောက်ဆင်းလာခဲ့တော့"(တိုက်တစ်လုံးထဲမှ ညွန်ကြားနေ)

(3) ဟိုအဖွဲ့ ဒီအဖွဲ့ - "၁၀၀၀ ဆိုလဲ တစ်ထောင်ပေါ့ဗျာ၊ ၂၀၀၀ ထောင်ဆိုလဲ ၂၀၀၀ ပေါ့ဗျာ၊၊ ၁၅၀၀ ဆိုတော့ ၅၀၀ ပြန်အမ်းနေရအုံးမယ်၊ အလုပ်ရှုပ်ရတဲ့ ကြားထဲ၊၊ ဈေးသတ်မှတ်တာကအစ ကပ်သီး ကပ်သပ်တွေ သိပ်လုပ်တာပဲ ဒီအစိုးရ"


(၃) တစ်သက်လုံး အသက်မကြီးသေးသည့် ကျောင်းသားအဖွဲ့  - "ကျွုန်ပ်တို့ ကြေငြာချက် တစ်စောင်ထုတ်ပြန်လိုက်သည်၊၊ စင်းကဒ် တစ်ခုအား ပြည်သူမှ ၅၀၀၀ တောင်းဆိုထားခြင်းကို ၁၅၀၀ ဟု သတ်မှတ်ခြင်းမှာ တိုင်းပြည်နောက်ပြန်သွားလို သည့်အရိပ်အရောင်များ မြင်တွေနေရသည့်အတွက် ကန့် ကွက်ကြောင်းထုတ်ပြန်လိုက်သည်၊၊"

(၄) ဂွေးသီးဇွန် - "ဒါစစ်အစိုးရရဲ့ ကလိန်ကကျစ်ဥာဏ်ဆင်မူဖြစ်တယ်၊၊ ဒီစင်းကဒ် ၁၅၀၀ ရဲ့ နောက်မှာ စစ်အစိုးရရဲ့ မသာမူ့ တွေ ပါနေတဲ့အတွက် အားလုံးစည်းစည်းလုံးလုံးနဲ့  တော်လှန်ကြရမယ်၊၊"

(5) ဂျိုးတူးဇော် - " ဒါ စစ်အစိုးရရဲ့ မရိုးသားမူ့ ပဲ၊၊ စင်းကဒ်တွေကို ၁၅၀၀ နဲ့ ထုတ်ပေးမယ် ဆိုတဲ့ ကိစ္စနောက်ကွယ်မှာ ဦးသန်းရွှေ စနစ်တွေ မကင်းတာကိုတွေ့ ရတယ်၊၊" "ပြည်သူတွေကို စစ်အုပ်ချုပ်ရေးထဲ ၁၅၀၀ နဲ့ ဆွဲသွင်းနေတာဖြစ်တဲ့ အတွက် ပြည်သူအား လုံးသတိရှိကြပါ၊၊"

(6) သွဲ့ သွဲ့ ဝင်းလေး - " စင်းကဒ် ၁၅၀၀ ပေးမယ်ဆိုတဲ့ ကော်မရှင်ကို ကျွန်မ ဆက်လက် တိုက်ပွဲဝင် သပိတ်မှောက်သွားမှာပါ၊၊ ဘာလို့ လဲဆိုတော့ စင်းကဒ်တွေ ပေါပေါရလာမယ်ဆိုရင် ဖုန်းပြောနေကြတာနဲ့ ပဲ ကျွန်မတို့ သိပ်ချစ်တဲ့ လက်ပံတောင်းတောင်ကြီးကို ကောင်းကောင်း ထိုင်ကြည့်နေခွင့်ရမှာ မဟုတ် တော့ဘူး။" "စင်းကဒ်ထုတ်ပေးမယ်ဆိုတဲ့  နောက်ကွယ်က လက်သည်တရားခံကို ရအောင် ဖေါ်ထုတ်သွားမယ်၊၊" နောက် ဒီစင်းကဒ်တွေထဲမှာ မီးလောက်ဗုံးထည့်မထားဘူးလို့ ဘယ်သူပြောနိုင်မလဲ"

(7) ပတ်ဝင်းကျင်ထိမ်းသိမ်းရေး သူရဲကောင်းကြီးများ- "ဖုန်တွေကို ဖွင့်ထားပြီဆိုထဲ က ဖုန်းတစ်ခုခြင်းဆီက ထွက်တဲ့အပူလှိုင်းအားဟာ၊ ပတ်ဝင်းကျင်ကို စဒုက္ခပေးတော့တာပဲဗျ၊၊" နောက်လူတွေ ဖုန်းပြောရင်းနဲ့ အမှိုက်တွေ စည်းကမ်းမ၇ှိပစ်ရင် ပတ်ဝန်ကျင်ညစ်ညမ်းမယ်၊၊ ဒါကြောင့် ကန့် ကွက်သွားပါ့မယ်။၊ သက်ဆိုင်ရာကို ဆန္ဒထုတ်ဖေါ်ဖို့ စာတင်ထားပြီးပါပြီ၊၊"

(8) ဒေါ်နော်အုန်းလှ-"အန်တီ ဗီနိုင်းလေးတွေနဲ့  ဆူးလေနားမှာ စောင့်နေတာကြာပြီကွဲ့ ၊၊ ရွှေတံဂုံဘုရား ပေါ်တက်ပြီး ဆုတောင်းပွဲလေး လုပ်မယ်စိတ်ကူးထားတယ်၊၊" ဘာ ခေါင်းစဉ်ဟုတ်လား.? . မစဉ်းစားရ သေးဘူးကွဲ့ .. ဆန္ဒထုတ်ဖေါ်ပွဲလေး လုပ်ပြီးမှ ခေါင်းစဉ်ပေးမယ် စဉ်းစားတယ်၊၊ ဘယ်နှဲ့ ကွယ် ၁၅၀၀ နဲ့ ထုတ်ပေးပြီး ပြည်သူ့ ဆီက ပိုက်ဆံချူစားမယ့် အစိုးရရဲ့ ပက်စက်တဲ့အကြံ ဘယ်နီးနဲ့ မှ လက်မခံနိုင် ပါဘူးကွယ်"

(9) ဒီမိုဖက်တီး (ခ) ခွန်ဒီယမ်း(ခ) မေဇင်အေး - " ဒါဦးသိန်းစိန်အစိုးရ ယုတ်မာတာပါ၊၊ ပြည်သူတွေ နားမယောင်ပါနဲ့ ၊၊ ဒီယမ်းတို့ အမေလက်ထက်မှ ၁၅၀၀ နဲ့ ပေးဖို့ စီစဉ်ထားတာ ဒီစစ်အစိုးရ သက်သက်ယုတ်မာတာပါ၊၊"

Credit : Here

3 comments:

  1. မင်းတို့ ကဘာကောင်တွေလဲ

    ReplyDelete
  2. ပြောနေတဲ့ သူတွေကပြောတာပဲတတ်တာပါ။အများပြည်သူအတွက်လုပ်စရာရှိတာ
    လုပ်သာလုပ်။လူအများစုကောင်းကျိုးကိုသာဥပဒေဘောင်ထဲကလုပ်။ခွေးဟောင်
    တိုင်းသာထကြည့်နေရင်အိပ်ရေးပျက်တယ်။ရှေ့ ကိုသွားတာနောက်ပြန်သွားတယ်
    ဆိုလိုဆို။ပိုဆိုးတာကရှေ့ မရောက်နောက်မရောက်ထင်ပါတယ်။ဖတ်ရှုသူများ
    ကျေးဇူးကမ္ဘာ အဟတ်

    ReplyDelete
  3. စိတ်ကောင်းကောင်းထားပါ.စေတနာကောင်းရင်ကံကောင်းလိမ့်မယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။