ရှင်းလင်းပွဲတွင် ရွှေပြည့်စုံဈေး ကော်မတီဝင် ဒေါက်တာ ညီညီအောင် က အဆိုပါ ဈေးကြီးမှ ငွေဖြည့်ကတ် များကို လက်လီ ၀ယ်ယူမှု ဈေးကွက် ပေါ်ထွက် လာစေရန် နှင့် တစ်ဆင့် ပြန်ရောင်းချမှု မှ ကာ ကွယ်နိုင် စေရန် ငွေဖြည့်ကတ် ၀ယ်ယူသူများ အနေဖြင့် ငွေဖြည့်ကတ် များကို တိုက်ရိုက်ဝယ်ပြီး တိုက်ရိုက် နံပတ်နှိပ်၍ ခဲခြစ်ပြီး ကတ်များကို ၀ယ်ယူခဲ့သည့် ဆိုင်များအား ပြန်ပေးလျှင် ကံစမ်းမဲ ကူပွန် တစ်စောင် ရယူနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ရွှေပြည့်စုံ ဈေးကြီးအတွင်းရှိ မိုဘိုင်းဖုန်း နှင့် ဆက်စပ် ပစ္စည်း အရောင်းဆိုင် များမှ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် တစ်ကတ်ဝယ်လျှင် ကံစမ်းမဲ ကူပွန်တစ်စောင် ရယူနိုင်ပြီး ကံစမ်းမဲ ဆုရရှိ သူများကို နိုင်ငံပိုင် ကြေးမုံ နှင့် မြန်မာ့အလင်း သတင်းစာများတွင် ကြေညာပေးမည် ဖြစ်ရာ ဆုများအဖြစ် iPhone 5 တစ်လုံးနှင့် Samsung Galaxy Mini အလုံး ၁၀၀ ကို ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်သည်။ အဆိုပါ ကံစမ်းမဲ အစီအစဉ်ကို လာမည့် ဧပြီလ ၉ ရက်နေ့ အထိ ကူပွန်များ ပေးအပ် သွားမည်ဖြစ်ပြီး ကံစမ်းမဲ ဖွင့်ပွဲကို စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ ၊ ကံစမ်းမဲ ဖြစ်မြောက်ရေး ကော်မတီဝင် များ၏ ရှေ့မှောက်တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။