/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 16, 2013

.

ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း တွင် မိုဘိုင်းဖုန်း ဆင်းကဒ်များကို ငွေကျပ်ထောင် ဂဏန်းဝန်ကျင်ဖြင့် ရောင်းချ မည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု


ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင်မိုဘိုင်းဖုန်းဆင်းကတ်များကို ငွေကျပ်ထောင်ဂဏန်း ၀န်းကျင်ဖြင့် ရောင်းချ မည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ ‘မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်း တဲ့ဈေးနဲ့ ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်’ ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေး လိုက်တာ ဖြစ်ပါတယ်” ဟု Eleven Media Group ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သော GSM Sim Card ဈေးနှုန်းများမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်း များ ရောင်းချမှုကိုလက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်းထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်းများကို ငွေကျပ် ၂ သောင်းနှုန်းဖြင့်ရောင်းချပေးမည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်းလုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင်ရောင်းချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

“ဖုန်းကတ်တွေ ထောင်ဂဏန်းဝန်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ်မှာတော့ တက်နေ တယ်ပြောတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး။ ကျွန်တော်တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခု အချိန်အထိ ညွှန်ကြားထားတာမရှိသေးပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့်ရောင်းချ မည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေးမည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်း သို့ ပေးသွင်းခဲ့ ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

Credit : Here

5 comments:

  1. မယုံဘူးဗျာ...........

    ReplyDelete
    Replies
    1. ပြောတာလည်းမင်းပါပဲ
      အလကားအိမ်လာပေးမယ်ဆို

      Delete
  2. ''မျှော်တော်ရောင်မျှော်တော်ရောင်'' မျှော်တော်ရောင်ဘ၀ကလွတ်ချင်ပြီ။

    ReplyDelete
  3. အလကား မင်းတို့မို့လို့ယုံနေတယ်...ဒါက နိုင်ငံရေးလှည့်ကွက်တွေကွ
    ပြည်သူတွေက ဒီဖုန်းဘက်လှည့်နေရင် နိုင်ငံအရေးကို ဘယ်စိတ်ဝင်စားတော့မလဲ
    ဒါကိုအခွင့်ကောင်းယူပြီး ပြည်သူတွေကိုလိမ်စဉ်တွေပေးနေတာ အခုမှမဟုတ်ဘူး
    လွန်ခဲ့တဲ့ (၉၀) ရွေးကောက်ပွဲ ပြီးကတည်းကပဲ ဒါကို သိထားပေးကြပါ။
    သူတို့ဘက်က အပြောထက် လက်တွေ့လုပ်ပြပေးရင်တော့ တစ်မျိုးသစ်မည်ပေါ့....
    ဒါပေမဲ့လည်း.............မထင်ရေးချ.........မထင်.....ဒီတစ်သက်.လောင်းရဲတယ်

    ReplyDelete
  4. ကောင်းတာ pot စောင့်နေမယ်နော် mkk and a chit zone mm

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။