/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 16, 2013

.

အခွန်ကင်းရှင်းကြောင်း သက်သေခံ မယူဘဲ ပြည်ပသို့ သွားရောက်နိုင်

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ခရီးထွက်ခွါရာတွင် မတ်လ ၁၅ ရက်နေ့မှ စတင်၍ အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် မလိုဘဲ ထွက်ခွါနိုင်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

“ပြည်သူလူထု၏ အခက်အခဲအတားအဆီးများကို ဖြေလျှော့ဆောင်ရွက်ပေးသည့်အနေဖြင့် ပြည်ပ ထွက်ခွါ မည့် သူများ အားလုံးဟာ (အခွန်ကြွေးကျန်ရှိသူတွေမှ အပ) သက်သေခံလက်မှတ် ဂ ပုံစံ ( ပတခ -၀င-၁၂) ထောက်ခံချက် မလိုဘဲ ပြည်ပကို ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခင်က ပြည်ပသို့ ခရီးသွားမည့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန် ကင်းရှင်းကြောင်း သက်သေခံ လက်မှတ် ဂ ပုံစံ ရယူရန် လိုအပ်ခဲ့သည်။

“အဟန့်အတားတခုကို ထပ်ပြီးဖြည်လျှော့ပေးတာပါပဲ။ ဒီပုံစံ တခုကို ရရှိဖို့ အချိန်တွေ၊ ငွေတွေ၊ လုပ်အားတွေ ပေးဆပ်ကြရတာပါ။ အထူးသဖြင့် အချိန်လု လုပ်ကိုင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အတော်အဆင် ပြေသွားမယ်။ အရေးတကြီးကိစ္စ ပေါ်လာရင် ချက်ချင်း သွားလို့ ရပြီ” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦး က ဆိုသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။