/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 13, 2013

.

တသက်လုံး ဒေါ်စုကို ချီးမွမ်းရေးသားခဲ့သော ဗြိတိန်မှ သတင်းစာများ ဒေါ်စုကို ဝေဖန် အပြစ်တင်ရေးသားမှုများ စတင် လုပ်ဆောင်လာ


ကော်မရှင် အစီရင်ခံစာထွက် ပြီးသည်.နောက် တနိုင်ငံလုံးကပြည်သူတွေက သူမကို အလွန်ဒေါသ ထွက်စိတ် ဆိုးနေတဲ.အရှိန် ထိုးတက်လာခဲ.တာ မြန်မာ.ဒီမိုကရေစီခေါင်းဆောင် ဒေါ်စု ခု သိသွားပါပြီ။

သူမ ကြီးမှုးတဲ. ကော်မရှင်အဖွဲ.ဟာ ဆန္ဒပြသူအများအပြားကို ထိခိုက် ဒဏ်ရာရအောင်လုပ်ခဲ.သူတွေကို အရေးယူပေးဖို.ပျက်ကွက်တဲ.အပြင်၊ လူတွေအကြီးအကျယ် ကန်.ကွက်တဲ. တစ် ဘီလီယံတန်ဘိုး ရှိ မုံရွာ ကြေးနီတောင် စီမံကိန်းကို ဆက်ခွင်.ပြုရမယ်လို. တိုက်တွန်းခဲ.တာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ.၀င်တွေက မီးသတ် ကားရေပန်းတွေ မီးလောင်ဗုံးတွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ.အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ကြီးမှုး တဲ. ကော်မရှင် တစ်ရပ်ကို ဖွဲ.ခဲ.တာဖြစ်ပါတယ်။

ဒီကြေးနီမိုင်းဟာ ရန်ကုန်နဲ. မိုင်ပေါင်း ၄၅၀ ကွာဝေးပြီး မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံး သတ္တုမိုင်းဖြ စ်ပါတယ်။

အရေးယူဖို. တလုံးမှ မဆိုထားတဲ. ကော်မရှင်ကပဲ ဒီမိုင်းလုပ်ငန်းကို ဆက်လက်ခွင်.ပြုလုပ်ဆောင် ရမယ် လို. အကြုံ့ပြုခဲ.တာမို. ဒီအချက်က ထင်းထင်းကြီးဖြစ်နေပါတယ်။

အစီရင်ခံစာက မိုင်းလုပ်ငန်းကြောင်. သဘာဝဘေးအန္တရာယ် ခြိမ်းခြောက်မှု ရှိကောင်း ရှိနိုင် မယ်လို. ခန်.မှန်း ထားပေမဲ. တဖက်မှာလည်း ဒေသခံတွေ အတွက်အလုပ်အကိုင် အခွင်.အလန်း တွေ ရရှိ နိုင်ကြောင်း၊ ချွေးသိပ်ပြခဲ.ပါတယ်။

ဒီ.အပြင်၊ မဟာဗျူဟာမြောက်တရုပ် နိုင်ငံကြီးနဲ. သင်.မြတ်ဖို.လိုတယ်ဆိုတဲ.အချက်ကို အခြေခံပြီး လုပ်ငန်း ရပ်လိုက်ရင် တရုပ်နဲ.တင်းမာမှု ဖြစ်မှာ။ မရပ်သင်.၊ မဖြစ်သင်.လို.ဆိုတဲ. ဆင်ခြေပေးခဲ.တာမျိုးဖြစ်ပါတယ်။ အစီရင်ခံစာ က မြေယာ ဆုံးရှုံးတဲ. တောင်သူလယ်သမားတွေကို နစ်နာကြေးရော်ကြေးပေး သင်.ကြောင်း တင်ပြခဲ.ပါသေးတယ်။

ဆန္ဒပြခဲ.သူတွေကတော. ဒေါသတကြီးနှင်.ဒီအစီရင်ခံစာကို တုန်.ပြန်ကြပါတယ်။ အထက်မြန်မာပြည် ကရှေ.နေ ကိုသိန်းသန်းဦးက ဧရာဝတီသတင်းဌာနကို ဤသို.ဆိုပါတယ်။

--ကော်မရှင်ရဲ.အဖြေက လုံးလုံး မလုံလောက်ဘူးဗျ၊ ကော်မရှင်.၏တွေ.ရှိချက်တွေအပေါ်ကျန်ာတို. သွားအားကိုးနေလို.မရတော.ဘူး။ သူတို.က ဆန္ဒပြသူတေါက ဥပဒေကိုချိုးဖေါက်တယ်တဲ.။ ကဲ-ဒါဆို ရဲ ကရော ဥပဒေမချိုးဖေါက်လို.လား။ အစိုးရက နှစ်ဖက်စလုံးကို သေသေချာချာ စုံစမ်းစစ်ဆေးပြိး ထိုက်သင်. သလို ပြစ်ဒဏ်ပေးသင်.တယ်--

အကြမ်းဖက်နှိမ်နင်းတဲ.ညက ဆန္ဒပြသူတွေထဲက တဦးဖြစ်တဲ. သံဃာ ဦးဇာဝနက တော. ဒေါ်အောင်ဆန်း စုကြည် အနေဖြင်. အောက်ခြေကလူတန်းစားတွေ ဘယ်လို ဒုက္ခရောက်နေ တယ်ဆို တာ သိဖို. မျက်စေ. ဖွင်.ကြည်.သင်.ကြောင်း၊ ဒေသခံလယ်ယာတောင်သူများအနေနဲ.ကော်မရှင် ၏တွေ. ရှိချက်တွေဟာ လုံးလုံးလက်ခံနိုင်စရာမရှိကြောင်း ပြောခဲ.ပါတယ်။

-- ဦးဇင်း မနက်ဖန်ကျရင် ဒေသခံ တွေနဲ. ဘာဆက်လုပ်သင်.သလဲဆိုတာ သွားတွေ.ဆွေးနွေးကြည်. ပါဦးမယ်။ ဦးဇင်းတို.ဒေသခံတွေကတော. ဆက် ဆန္ဒပြရမှာပါပဲ--လို. မိန်.ဆိုခဲ.ပါတယ်

From:MEG

Credit : Here

2 comments:

  1. အမေရေ ခရိုနီတွေအနားမှာတွေ့ကတည်းက
    စိတ်ပြောင်းသွားနိုင်တယ်လို့ သံသယဖြစ်ခဲ့
    ကြတာမှန်နေတာပေါ့
    ကျားကြောက်လို့ရှင့်ကြီးခိုး
    ရှင့်ကြီးကကျားထက်ဆိုး
    စကားပုံလိုဖြစ်နေပြီ။

    ReplyDelete
  2. အမေစုက လူအများဘာလိုချင်သည်ကို သိရှိနေမည်မှာ အမေစုမှမဟုတ် စဉ်းစားတတ်သူတိုင်းသိရှိနေမည်မှာအမှန်ပင်ဖြစ်ပေမည်၊ အများဆန်ဒအတိုင်းအမေစု မှတ်ချက်ပေးလို့ရနိုင်မည့်အနေအထားရှိပေမဲ့ ယခုလိုမှတ်ချက်ပြုချက်တာသူ့အတွက်မဟုတ်ပဲ တိုင်းပြည်အတွက်ဆိုတာရှင်းနေပါတယ်။ အများအကြိုက်လုပ်လိုက်ရင် အမေစု Hero ဖြစ်သွားနိုင်ပေမဲ့ တိုင်းပြည်အတွက်တော့ရေရှည်အကျိုးရှိနိုင်မှာမဟုတ်ပါဘူး။ အမေစုရဲ့လုပ်ရပ်ကိုခဏစောင့်ကြည့်ပြီးမှ ဝေဖန်စေချင်ပါတယ်ဟု အကြံပြုချင်ပါတယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။