/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 13, 2013

.

နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ


ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေး ဦးဆောင်သူ အချို့က နာမည် လူသိ များ လာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ် အတွက် ပါဝင်ပတ်သက်မှု များ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြော သည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမားများထံ မှ ငွေကြေး တောင်းခံသူများ လည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမား များက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင် သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေး ကာ ခေါ်ဆောင်လာမှု များ လည်း ရှိသည်။

ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရ ဘက်မှ စေ့စပ် ညှိနှိုင်းသူများ ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ နစ်နာသူ များ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက် ပြုလုပ်လေ့ မရှိခြင်း ၊ စေ့စပ်ညှိနှိုင်း မှု များတွင်လည်း မောက်မာစွာ ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ ၏ လုပ်ရပ်များ က လည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းဂျာနယ်ပါ ဆောင်းပါးရှင် အောင်ခိုင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်တို့ ပူးပေါင်းရေးသားသည့်“ဆန္ဒထုတ်ဖော်မှု အချို့ နောက်ကွယ်၌ ခေါင်းစဉ်ပေးထားသော” သတင်းဆောင်းပါး မှ ကောက်နုတ်ချက်

The Voice Weekly

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။