/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 5, 2013

.

မြန်မာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ့နှင့်ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့ဆွေးနွေး မူ့ အပြီး ထုတ်ပြန်သောကြေငြာချက်

ပူးတွဲကြေညာချက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေး အဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀) အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တေ့ဆွုံ ဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့သက်သေများ အဖြစ် တက်ရောက်ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်အစည်းအဝေးအတွက် ပြင်ဆင်မှု၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

၎။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက် ဖေဖေါ်ဝါရီလ မကုန်မှီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားကြရန် သဘောတူကြပါသည်။

၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည် ဖေါ်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီသည်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်။ ရွှေလီမြို့။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။