/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 5, 2013

.

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားကချင်ပြည်နယ်သို့ရောက်ရှိ


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာဘီဂျေနမ် ဘီးယား သည် ပြည်ထောင်စု ၀န်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စစ်ဘေးဒုက္ခ သည်စခန်းများ သို့ သွားရောက်ပြီး ဒုက္ခသည် များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့ အစည်း များနှင့် တွေ့ဆုံ မည်ဖြ စ်ကြောင်းသတင်းရရှိသည်။

မစ္စတာ ဘီဂျေနမ်ဘီး ယားနှင့်အတူ နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ တို့လည်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့ သို့ ရောက် ရှိနေခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတက နိုင်ငံတကာအဖွဲ့အစည်းများအား ကချင်ပြည်နယ်သို့ လူသားချင်း စာနာထောက်ထားသော အကူအညီများ ခွင့်ပြုလိုက်ပြီဖြစ်ပြီး အကူ အညီပေးမည့် အဖွဲ့အစည်း များလုံခြုံရေးကို အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်စလုံးက တာဝန်ယူပေး ရမည်ဟု သမ္မတ ကပြောကြားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

7 Days

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။