/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 5, 2013

.

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေး

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်မှ ဓနုဖြူမြို့နယ်၌ လယ်သမား များနှင့်တွေ့ဆုံစဉ် တောင်သူများ အနေဖြင့် အကြွေးကျေနိုင်စေရန် တစ်ရက်လျှင် ထမင်းတစ်နပ်လျှော့စား သင့်သည့်အပြင် အကြွေးမကျေပါက နောင် သံသရာတွင် ကျွန်ဖြစ်နိုင်ကြောင်း ပြောဆိုမှုနှင့် ပတ်သက် ၍ နိုင်ငံတော် သမ္မတက ခေါ်ယူ သတိပေးခဲ့ သည့် အပြင် နောင်ကာလများတွင် ဦးမြင့်လှိုင်၏ ယခု ကဲ့သို့ ပြောဆိုခြင်းများမပြုလုပ်ရန် ညွှန်ကြား သွား မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။

လယ်/ဆည် ဝန်ကြီးဦးမြင့်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၂ မတ်လပိုင်းတွင် Hot News ပါအင်တာဗျူးတစ်ခုတွင် လွှတ်တော်အား စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ လွှတ်တော်စည်းဝေးပွဲ တစ်ခုတွင် ပြန်လည်ဝန်ချတောင်း ပန်ခဲ့ရပြီး ယခုကဲ့သို့ ပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ထမင်းတစ်နပ် လျော့စားဆိုသည့် လယ်ဆယ်ဝန်ကြီးကို သမ္မတ ခေါ်ယူ သတိပေးကြောင်း ပြည်တွင်း ဂျာနယ် တစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်။

1 comment:

  1. ၀န်ကြီးတယောက်က ဒီစကား မျိုးပြောထွက်တာစ၁ုစားလို့တောင်မရဘုးဖြစ်မိထယ်။
    လူတယောက်ရဲ့စရိုက်ကအဲ့ဒီလူရဲ့အပြော အဆို ကိုကြည့်
    ပြီးတော့လဲသိနိုင်ပါတယ်လေ ။ဒီလိုလူမျိုက၀န်ကြီးဖြစ်နေ
    တော့မြန်မာပြည်အတွက်ရင်လေးစရာပေါ့။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။