/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 2, 2013

.

ရာထူးတိုးပေမယ့် ရာထူး မတက်တဲ့ အမ်းဆေးရုံကြီးက ၀န်ထမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးမှ ညစောင့် အလုပ်သမား တစ်ဦးဖြစ်သူ ဦးအောင်သိန်းကို နေပြည်တော်ကနေ ရာထူး တိုးမြှင့်ခန့်အပ်ထားပေမယ့် ဆရာဝန်ကြီးနဲ့ အဆင်မပြေတာကြောင့် ရာထူး မတက်ဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

သူ့ကို ရာထူး တိုးတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် ဆရာဝန်ကြီးက ရာထူး မတိုးမြှင့်ဘဲ ဒီအတိုင်းထားတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

“ ကျနော့်ကို ရာထူးတိုးတာက အခုထက်ထိ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ကတည်းကပါ။ အခုထက်ထိ ကျွန်တော်တို့ကို အဲဒီနေရာမှာ မခန့်အပ်ဘဲ နောက်တစ်ယောက်ကို ခန့်ဖို့ လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်မှာ အထူး စိတ်သောက ရောက်နေရပါတယ်။ အထက်လူကြီးတွေကို ဒီကိစ္စ ဖြေရှင်းပေးစေလိုပါတယ်” လို့ ပြောဆိုပါတယ်။

သူရာထူးတိုးတဲ့ နေရာကတာ့ ညစောင့်ကနေ လစ်လပ်သွားတဲ့ ဦးခင်မောင်နေရာ မြစ်ရေတင် စက်မောင်းရာထူး ဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်က အမ်းမြို့ ဆရာဝန်ကြီး ဒေါက်တာ တင်မောင်ညွှန့်ကနေ သူ့ကို အဲဒီ ရာထူးကို ခန့်အပ်ဖို့ အတွက် စာအမှတ် ၁၃၆ အဆရ ရာထူးတိုး ၂၀၁၁ ဇန္န၀ါရီ ၁၂ ရက်နေ့ဖြင့် ပြည်နယ်ကို တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြည်နယ်မှူး ဒေါက်တာ နေမျိုးအုန်းမှ နေပြည်တော်ကို ဆက်လက် တင်ပြခဲ့ပြီး နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်မင်းသိန်းမှ လက်မှတ်ရေးထိုးပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ ခန့်စာ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော့်ကို ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၂၆ ရက်နေ့မှာ ခန့်အပ်ပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အလုပ်ဝင်ရမယ်လို့ ခန့်စာမှာ ပါရှိပါတယ်။ ဒီနေ့ထိ ကျနော့်ကို အလုပ်မခန့်သေးပါ။ ဒီလို လုပ်ထားတာကို ကျနော်က ပြည်နယ်ကို တိုင်တော့ ဆေးရုံအုပ်ကြီး ဦးသန်းထွန်းက ကျနော်ကို တိုင်ကြားရကောင်းမလားဆိုပြီး အမျိုးမျိုး အကြောင်းပြပြီး ပြဿနာ လုပ်နေပါတယ်” လို့ ပြောပါတယ်။

ပြည်နယ် တာဝန်ရှိသူများမှ ဦးအောင်သိန်းအား ခန့်အပ်ရန် ဆက်လက် အကြောင်းကြားသော်လည်း မခန့်အပ်ဘဲ ထားသည်သာမက နောက်ထပ် သူနှင့် ရင်းနှီးသူ တစ်ဦးကို အစားထိုး ခန့်အပ်ရန် ဆေးရုံ အုပ်ကြီးက စီစဉ်နေသည်ဟု သိရသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။