၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်တွင်ဟိုပင်မြို့နယ်ခွဲ ဘူတာမှ တစ်မိုင်ခန့် အကွာ မိုင်တိုင်အမှတ်(၆၅၂/၄)နှင့် (၅) အကြား အမှတ်(၄၃)အဆန်ကုန်တင် ရထားဖြတ်သန်း မောင်းနှင်နေစဉ် KIA
မှ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် ဟိုပင်မှ မိုးကောင်းဘက်သွား ရထား သံလမ်းဘယ်ဘက်အခြမ်း (၁)ပေ ခန့် ပြတ်တောက်သွားပြီး ဇလီဖာတုံး (၅)တုံးပျက်ဆီး ကာ ကုန်တင် ရထား၏နောက်ဆုံးတွဲရှိ ရထားဘီး(၄)ဘီး လမ်းချော်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပျက်ဆီးသွားသော ရထားလမ်းကို မိုးညှင်းဘူတာမှ ကြီးကြပ်ရေးမှူးဦးစီး၍ ၀န်ထမ်း(၁၃)ဦးဖြင့် စတင်ပြုပြင် လျက်ရှိပြီး ရထားသွားလာမှုအား ခေတ္တခဏ ပိတ်ထားကြောင်း သိရှိရပါသည်။
KIA မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ ရထားလမ်းမိုင်းခွဲမှု အကြိမ်(၅၀)ကျော်၊ လမ်းတံတားဆောက် လုပ်ရေးယန္တရားများ တိုက်ခိုက်ဖျက်ဆီးမှု အကြိမ်(၁၀၀)ကျော်ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။
http://www.myanmartharkaung.net/2013/01/kia_2.html
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။