/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 2, 2013

.

ဆီအုန်းစိုက်ရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း လုပ်ငန်းရှင်ကြီးတစ်ဦး၏တင်ပြမှု ကော်မရှင် ငြင်းပယ်

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက တနင်္သာရီ တိုင်းဒေသကြီးတွင် ဆီအုန်း စိုက်ပျိုးရန် အတွက် မြေဧကနှစ် သိန်းခွဲ ရယုလိုကြောင်း တင်ပြမှုအပေါ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ငြင်းပယ် လိုက်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းရှင် ကြီးမှာ ယခင်အစိုးရလက်ထက်က စီးပွားရေး လုပ်ပိုင်ခွင့်များစွာ ရရှိခဲ့ သူတစ် ဦးဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

‘လုပ်ထုံး လုပ်နည်းနဲ့ ညီရင် ချပေးရမှာပေါ့။ ဒီလိုမှ မဟုတ် ဘဲနဲ့ မဖြစ်နိုင်တာမျိုးတွေ ဆိုရင် တော့ ဘယ်သူ့ကိုမှ ချမပေးဘူး” ဟု ၄င်းက ပြောသည်။

ယင်းသို့ ဧကနှစ်သိန်းခွဲချပေး ရန် တင်ပြမှုအပေါ် ထိုနည်းအတိုင်း ၁ဝ ဦးသာ ချထားပေး မည်ဆို လျှင် မြန်မာ့မြေ ကုန်သွားမည်ဟုပြန်ပြောလိုက်ကြောင်း ၄င်းက ဆက် ပြောသည်။

ထို့အတူ နိုင်ငံရေးလောကသို့ ဝင်ရောက်လာသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးကလည်း ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန်အတွက်မြေဧကကို လိုအပ်သည်ထက် ပိုမို တောင်းခံမှုရှိ ခဲ့ရာ ငြင်းပယ် ခဲ့ပြီးပြန် လည်စိစစ်၍ လိုအပ်သမျှသာ ချပေးခဲ့ကြောင်းသိရသည်။

ဘိလပ်မြေ စက်ရုံတည်ရန်အတွက် အမှန်တကယ် လိုအပ်သော ဧက ၁ဝဝ ကျော်ကိုသာ ချပေး ခဲ့ ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြော သည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၁၉၈၈-၁၉၈၉ ခုနှစ်မှ စကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့အထိ လုပ်ငန်းနယ် ပယ် ၁၁ ခုတို့တွင် ကုမ္ပဏီ ၈၆၉ ခုဖြင့် ကျပ်သန်းပေါင်း ၂၂၅၅၉၂ဝ ဒသမ ၆၂ သန်း ရင်းနှီးမြှုပ်နှံမှုပြုနေ ကြသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။