/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 14, 2013

.

တောင်သူရေလုပ်သားများ၏ ပထမဆုံးအကြိမ်ပန်းတနော် ဆန္ဒထုတ်ဖော်ပွဲ

ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ပေါင်း(၅၀)အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူအစရှိသည့် မြို့နယ် သုံးမြို့နယ် မှ တောင်သူ လယ်သမားများပါဝင သည့် တောင်းဆိုချက် (၆)ချက်ပါ ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပန်းတနော် ဘောလုံးကွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ (၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည်။

လူ(၁၀၀၀)ကျော်ပါဝင်သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ပန်းတနော်၊ညောင်တုန်း၊ဓနုဖြူ သုံးမြို့နယ်မှ တောင်သူလယ် သမားရေလုပ်သား သမဂ္ဂအဖွဲ့နှင့် မြန်မာ့လူထု ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်တို့ ပူးပေါင်း ကာ နံနက်(၉)နာရီမှ နေ့လည် (၁၁)နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

''နှစ်ပေါင်း(၅၀)အတွင်းမှာ ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခွင့်ရခဲ့တာပါ။ဒါတွေကို လွှတ်တော် အမတ်တွေနဲ့ သက်ဆိုင်ရာတွေက ဒီနေရာဆင်းပြီး လေ့လာပါ။ဆောင်ရွက်ပေးပါ လို့ ပြောချင် ပါတယ်။ အင်းရာသီချိန် ကုန်ဆုံးအချိန်အထိမှ မူရင်းလယ်သမား ၊ ရေလုပ်သားတွေရဲ့ ပိုင်ဆိုင်ခွင့် တွေကို မဖြေရှင်းပေးဘူးဆိုရင် ဒီထက်ကြီးတဲ့ လူထုလှုပ်ရှားမှုနဲ့ စတင်သွားမှာပါ '' မြန်မာ့လူထု ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင်က ပြောသည်။

အဆိုပါ တောင်းဆိုချက်(၆)ချက်မှာ ကုမ္မဏီများ ၊ပုဂ္ဂလိကများ မတရားသိမ်းဆည်းထားသော လယ်မြေများ လယ်သမားများထံ အမြန်ပြန်ပေးရေး၊ ဆည်မြောင်းရေကာတာ ရေတံခါးများ ခေတ်မှီ စနစ်တကျပြုလုပ်ပေးရေး၊ ၂၀၁၃ခုနှစ် လူလုပ်ရေဘေး ထပ်မဖြစ်ရေး၊ အင်းလုပ်ငန်းများ စည်းကမ်း တကျ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရရှိရေး၊ အင်းသူကြီးများ မတရားဖမ်းဆီးထားသော ရေလုပ်သား များ အမြန်ပြန်လွှတ်ပေးရေးနှင့် အရေးတော်ပုံ အောင်ရမည် အောင်ရမည် အစရှိသည့် တောင်းဆို ချက် များဖြင့် (၃)မြို့နယ်မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတာတွေ ဒီနေ့ဒီချိန်ခါမှာ ထုတ်ဖော်ခွင့် ရတယ်။ ကျွန်တော်တို့ ဆုံးရှုံးထား တာတွေ ပြန်လိုချင်ပါတယ်။ မတရား အနိုင်ကျင့် ကြီးစိုးခြယ်လှယ်နေတာတွေ အစိုးရက ပြုပြင်ပြောင်းလဲမလုပ်သရွေ့တော့ ကျွန်တော် တို့ကဆက်ပြီး ဆန္ဒထုတ်ဖော် သွားမှာပါ " ဟု ပန်းတနော်မြို့မှ ဆန္ဒထုတ်ဖော်သူ တောင်သူလယ်သမားဦးကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ (၃)မြို့နယ်ဆန္ဒထုတ်ဖော်ခွင့်တွင် လူဦးရေခွင့်ပြုမိန့်(၂၀၀)နှင့် နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီအထိ ခွင့်ပြုမိန့်ချထားပေးခဲ့သော်လည်း ခွင့်ပြုချိန်ကျော်လွန်သွား ခြင်းကြောင့် ပန်းတနော်မြို့ နယ် ရဲအုပ်ကျော်အေးလှိုင်မှ လာရောက်အသိပေးခဲ့ကြောင်းကိုလည်း သိရသည်။

"ကျွန်တော်က သတ်မှတ်ချိန်ကျော် လွန်သွားပြီဆိုတာကို လာရောက်ပြောတာပါ " ဟု ပန်းတနော်မြို့ နယ် ရဲအုပ်ကျော်အေးလှိုင်မှ ပြောသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။