/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, January 14, 2013

.

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်ဟုဆို

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထူထောင်ထား သည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် တန်းမြို့နယ်အတွင်း အခမဲ့ အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

၎င်းဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ ဆရာမများ စတင်ချိတ် ဆက်စု စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ် အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကို စုဆောင်းလက်ခံသွားရန် ရှိရာ နိုင်ငံတကာ ၌လည်း အလှူငွေများစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎င်းဆေးခန်းဖွင့် လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) တို့မှ စတင်မတည်လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။