/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 3, 2013

.

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်ရောက်


ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထား တဲ့ ပြည်သူ့စစ် အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ် သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။

ဒီဇင်ဘာလ ၃၁ရက် နေ့လည် ၁၁နာရီလောက်မှာ ရှမ်းဟွေ့တံတားနား မှာလုံခြုံရေး ယူနေတဲ့ အစိုးရ တပ်ကို ကေအိုင်အေကတပ်သား ၄ဦး အလင်းဝင်ရောက်ခဲ့ပါသည်။ သူတို့သေနတ်တွေ မယူလာကြ ဘဲရောက်ပြီးမှာ သူတို့သေနတ်ထားခဲ့နေရာတွေကို အစိုးရတပ်တွေကို သွားရောက်ပြသခဲ့ကြ သည်။

၎င်းတို့ ၄ဦး မှာ မလိခမြစ်ကြောင်းမှာ ရွှေမှော်လုပ်ကိုင်ရင်းနဲ့ ကေအိုင်အေ တပ်သားသစ်စုတာကို ခံရသူများဖြစ်ပြီး ရန်ကုန်၊ တိုက်ကြီးမှ ကချင် ကို လာ ပြီး အလုပ်လာ လုပ်သူများဖြစ်ကာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြားရှိသူများဖြစ် သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။

3-1-2013ကချင်နေစဉ်သတင်း

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။