/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 3, 2013

.

လိုင်ဇာ မသိမ်း သော်ငြား စစ်ရေး အရေးပါ နေရာများ အစိုးရ သိမ်းပိုက် ထားလို


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမာန်နေ့တွင် ပြည်တွင်း မီဒီယာသို့ ပြောကြား ထားသည် ရှိသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း သော်ငြားလည်း စစ်ရေး အတွက် အရေးပါ စိုးမိုး တောင်ကုန်း များအား သိမ်းပိုက် ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ ခေါင်းဆောင် တဦးက ပြောသည်။

“လိုင်ဇာကို မသိမ်းပါဘူး။ အရေး ကြီးတဲ့ တောင်ကုန်း တွေကို သိမ်းဖို့ ထိုးစစ်ဆင် နေတာ ပေါ့ဗျာ။ သမ္မတက အမိန့်ပေး ထားပေမဲ့ ဒီနေ့ အမှတ် ၇၇၁ တောင်ကုန်း တဝိုက်မှာ ရှိတဲ့ လဂျားယန်၊ နမ့်ဆန်ယန်နဲ့ ခလာယန် မှာ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲပါဗျ။ တိုက်လေယာဉ် နဲ့လဲ လာရောက် ပစ်ခတ် နေဆဲပါ ခင်ဗျာ” ဟု ဆိုပါသည်။

စစ်ရေး အသာစီး အနေ အထား ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရ ဘက်မှ အကောင် အထည် ဖော်လိုသည့် ဆန္ဒ ရှိသည်ဟု မိမိတို့ သုံးသပ် ထားကြောင်း လည်း ကျောင်းသား တပ်မတော် ပြန်ကြားရေးမှ ဗိုလ်မှူး မင်းဌေးက ပြောကြား ထားပါသည်။

ယနေ့ နံနက် ၈ နာရီ အချိန် ၌လည်း မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ နမ်ဆန်ယန် ရွာ၌ စတင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ထို့အပြင် လဂျားယန် ဒေသ ဘက်တွင် နံနက် ၉ နာရီ အချိန်၌ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်လေယာဉ် (၂) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့သည်။ နေလည် ပိုင်း ၁၂ နာရီ ၁၀ မိနစ်တွင် စစ်ရဟတ်ယဉ် (၃) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့ပါသည်။

ဘွမ်ဆွမ်တောင်၊ မန်သဲ နှင့် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ အမြောက် တပ်ဖွဲ့မှ လက်နက် ကြီးများ ဖြင့် လဂျားယန် ဘက်သို့ ဆက်လက်၍ ပစ်ကူ ပေးနေဆဲ ဖြစ်ကြောင်းလည်း ကျောင်းသားတပ်မတော် ခေါင်းဆောင် ဦးလာဆိုင်း က ပြောသည်။

အမှတ် ၇၇၁ လဂျားယန် စိုးမိုးတောင်ကုန်းသည် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အစိုးရတပ်ဖွဲ့တို့က ကချင် လွတ်လပ်ရေး တပ်မတော် လက်တွင်းမှ သိမ်းပိုက် ခဲ့သည်။ ယင်းတောင် ကုန်းကို ရရှိရန် တိုက်လေယာဉ် များဖြင့် လေကြောင်း ပစ်ကူ ပေး၍ ပြန်လည် သိမ်းပိုက် ခဲ့ရခြင်း ဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီ သတင်းဌာန၌ ဖော်ပြ ထားပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အစိုးရသည် “ကချင် ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေ ယာဉ်တွေ သုံးစွဲပြီး ထိုးစစ် ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိ တို့ရဲ့ တပ်တွေဆီ ရိက္ခာ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထား တာကြောင့် လဂျားယန်မှာ ရှိတဲ့ ရိက္ခာ ပြတ်တောက် နေပြီဖြစ်တဲ့ မိမိတို့ တပ်ဖွဲ့တွေ အတွက် လေကြောင်း ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေး နေတာသာ ဖြစ်ကြောင်း” သမ္မတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုထား ပါသည်။

ဤတွင် အစိုးရ တပ်ဖွဲ့ တို့သည် KIA ထိုးစစ်ဆင် နေမှုကို ရပ်တံ့ ရန်နှင့် အကယ်၍ မရပ်တံ့ပါလ နောက်ဖြစ်ပေါ် လာသည့် ဆိုးကျိုး များကို လက်ရှိ အာဏာရှိ အစိုးရ ပေါ်၌သာ တာဝန် ရှိကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ မှ ထုတ်ပြန်ချက် တစ်စောင်ကို ယမာန် နေ့က ထုတ်ပြန် လိုက်ပါသည်။


လကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ၇၇၁ စိုးမိုးကုန်း
(ဓါတ်ပုံ - Yan Naing Aung Facebook)

ကေအိုင်အို အဖွဲ့မှ လွဲ၍ ကျန်အပစ် အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် မကြာမီ နိုင်ငံရေး ဆွေးနွေး ပွဲများ စတင် တော့မည် ဖြစ်ရာ ထိုဆွေးနွေး ပွဲများတွင် ကေအိုင်အို ကိုပါ ပါဝင် လာအောင် ဆောင်ရွက် သွားမည်ဟု ၀န်ကြီး ဦးအောင်မင်းက ယမာန်နေ့တွင် 7 Day News Journal အား ထုတ်ဖော် ပြောကြား ပါသည်။

“တကယ် စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုရင် ကြိုဆို ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင် အတွင်းမှာဘဲ ဆွေးနွေးမယ် ဆိုရင် ပြေလည်မှု ရရှိမှာ မဟုတ်ဘူး မြင်ပါတယ်။ ကချင် ထိုးစစ် မဆင်ခင် ကတည်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်မယ် ဆိုရင် ပြောစရာ မရှိပါ။ ခုတော့ အချိန် ဆွဲတဲ့ ပုံသဏ္ဍာန်နဲ့ သူတို့ လုပ်လာတယ်။ ဒီလို လုပ်ခြင်း အားဖြင့် အစိုးရ ဘက်က ပွင့်လင်းမှု မြင်သာမှု မရှိဘူးလို့ မြင်ပါတယ်” ဟု ကျောင်းသားတပ်မတော် ခေါင်းဆောင် ဦးလာဆိုင် က ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရေးသည် တိုင်းရင်းသား အင်အားစု၊ ဒီမို ကရေစီ အင်အားစု နှင့် အစိုးရ အင်အားစု တို့ (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် မှသာ အမျိုးသား ရင်ကြား စေ့ရေးကို အကောင် အထည်ဖော် နိုင်မည် ဖြစ်ပါကြောင်း ၄င်းမှ ဆိုပါသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။