/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, January 3, 2013

.

တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး


ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေး မီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူ ရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့ နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် အစာရေစာပြတ်တောက်ကာ ဆင်တွေဟာ ကျေးရွာတွေဖက်အထိ ဝင်ရောက် လာကြ တာလို့ဒေသခံတွေက ယူဆနေကြပါတယ်။

၂ဝ၁၁ခုနှစ်ကလဲ ဒီလိုမျိုးတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရောက်နှောက်ယှက်ခဲ့လို့ လူအသေ အပျောက် ရှိပေမယ့် ၂ဝ၁၂ခုနှစ်နဲ့ ခုချိန်ထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။