/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 30, 2013

.

ဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက် ထပ်မံ လွှင့်တင်

နိုင်ငံတကာမှ မြန်မာ့လက်ရွေးစင်နှင့် ဘောလုံးအဖွဲ့ချုပ် လုပ်ဆောင်ချက်များ လေ့လာနိုင်မည့် ဝက်ဘ်ဆိုက် အသစ်တစ်ခု ထပ်မံလွှင့်တင်လိုက်ပြီဟု သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ယခုလ ၂၅ ရက်နေ့မှ စတင်လွှင့်တင်ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၊ လိဂ်အမှတ်ပေး ပြိုင်ပွဲနှင့် ပတ်သက်သော သတင်းများ၊ ထုတ်ပြန်ချက်များကို ဖော်ပြထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

“ကဏ္ဍစုံလင်အောင် ထားဖို့အတွက် အသစ်လွှင့်တင်တာပါ။ မြန်မာ့လက်ရွေးစင်အသင်း ဘာတွေလုပ်နေလဲ၊ အဖွဲ့ချုပ်ဘာလုပ်နေလဲ ဆိုတာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ နိုင်ငံတကာ ဘောလုံး အသင်းတွေ အနည်းအကျဉ်း လေ့လာဖို့အတွက် အင်္ဂလိပ်ဘာသာနဲ့ပါ လွှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အားကစားနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ နိုင်ငံတကာ ဘောလုံးအားကစား သတင်းများကိုလည်း ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“မြန်မာ့လက်ရွေးစင်အသင်း လုပ်ဆောင်ချက်တွေကို အဓိကထား တင်သွားမှာပါ။ အရင် ဝက်ဘ်ဆိုက်ကိုလည်း ဆက်လက် အသုံးပြုမှာပါ။ ကဏ္ဍစုံမစုံဆိုတာပဲ ကွာပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဝက်ဘ်ဆိုက်အား လေ့လာမည်ဆိုပါက www.themff.org သို့ ဝင်ရောက်နိုင်ပြီး ပထမဆုံး လွှင့်တင်ဖို့ လုပ်ထားသည့် ဝက်ဘ်ဆိုက်ကို ပြန်လည်ပြုပြင်၍ လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လက်ရှိတွင် အားကစားနှင့် ပတ်သက်သည့် သတင်းများအား Facebook နှင့် ဝက်ဘ်ဆိုက် www.myanmarnationalleague.com တွင် ထုတ်ပြန်ပေးထားကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။