/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 30, 2013

.

လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို အရေးယူ

အကောက်ခွန်ဦးစီးဌာနက ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သော ဝန်ထမ်း ၃၃ ဦးကို ရာထူးမှ ရပ်နားခြင်းနှင့် ရာထူးလျှော့ချခြင်းများကို ပြုလုပ်ခဲ့ကြောင်း စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောသည်။ ယင်းအရေးယူခဲ့သော ၃၃ ဦးထဲမှ ညွှန်ကြားရေးမှူး နှစ်ဦးကို ရာထူးမှ ရပ်နားစေပြီး ကျန်ဝန်ထမ်း ၃၁ ဦးကို ရာထူးတစ်ဆင့်နှိမ့်ချ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းက ပြောသည်။

“လာဘ်ပေး လာဘ်ယူတာနဲ့ ပတ်သက်ပြီးတော့ အားနာတယ်ဆိုတဲ့ စကားမသုံးပါနဲ့” ဟု အကောက်ခွန် ဝန်ထမ်းများ လာဘ်စားမှု မရှိစေရေးနှင့် ပတ်သက်၍ အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“လာဘ်ပေးလာဘ်ယူ ကိစ္စကို လက်ခံတဲ့ ဝန်ထမ်းကို ထိထိရောက်ရောက် အရေးယူသွားသလိုပဲ တစ်ဖက်က လာဘ်ပေးလာဘ်ယူ ကိစ္စကို အားပေးအားမြောက် ဖြစ်စေအောင် ဆွဲဆောင်တဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဖော်ပြပေးတာတွေလည်း ရှိတယ်” ဟုလည်း ဦးဇော်လင်းက ပြောကြားသည်။

အကောက်ခွန်ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု အများဆုံး ဖြစ်စေသော ဆိပ်ကမ်းတွင် ဖြစ်သွားသော ပြဿနာများကို အထူးစုံစမ်းစစ်ဆေးရေးက စစ်ဆေးပြီး တိုက်ရိုက် အရေးယူမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

၂၀၀၆ ခုနှစ်ကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့် အကောက်ခွန် ဝန်ထမ်းပေါင်း ရာနှင့်ချီ၍ အရေးယူခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။