/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 18, 2012

.

Ytalk VoIP Account Card ဝယ်ယူသူ များအား US 10 ဒေါ်လာ အပိုထည်သွင်း ပေးသွား မည်


Ytalk VoIP Account Card ဝယ်ယူသူ များအား US 10 ဒေါ်လာ အပိုထည်သွင်း ပေးသွား မည်ဖြစ်ကြောင်း ကဒ်များအား ထုတ်လုပ်ဖြန့်ချိ သော VMGTelecoms မှသိရှိရသည်။

အဆိုပါကဒ် Account Card အား Ytalk ငွေဖြည့်ကဒ်များရောင်းချသည့် ဒီဇင်ဘာလ၂ဝရက်မှစတင်၍ Ytalk VoIP Account Card ဝယ်ယူသူများ US 10 ဒေါ်လာ အပိုထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း VMGTelecoms ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ထွန်း မှပြောကြားခဲ့သည်။

''Promotion လိုမျိုးရက်ကန့်သတ်ထား တာမျိုးမရှိပါဘူး Account Card ဝယ်လိုက် တာနဲ့၁ဝဒေါ်လာ အလားကား ပေးထားတော့ Account အလားကားဖွင့်ပေးသလိုပါပဲ'' ဟုယင်းက ထပ်မံပြောကြား ခဲ့သည်။

Ytalk ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာ တွင် ဈေးနှုန်းများအနေဖြင့် လည်း လျော့ချ ထားကြောင်း၊ စင်ကာပူ သို့ခေါ်ဆိုရာတွင် မြန်မာကျပ်ငွေဖြင့် ၁၂ကျပ်ခန့်နှင့်မလေးရှား သို့ခေါ်ဆိုရာ တွင် ၂၅ကျပ်မျှ သာကျ သင့် ကြောင်းသိရှိရသည်။

အဆိုပါ့ Ytalk ကဒ်ဖြင့်ဖုန်းခေါ်ဆိုနိုင် သည့်ဝန်ဆောင် မှုအား VMGTelecoms ကုမ္ပဏီနှင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တို့၂၀၁၂ခုနှစ်ဆန်းပိုင်းမှစတင်၍ပူးပေါင်း အကောင်ထည်ဖေါ်ဆောင် ရွက်ခဲ့ ကြောင်း သိရသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။