/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 18, 2012

.

ယာဉ်ထိန်းရဲ နှင့် မြို့ပတ်ရထားများတိုးချဲ့ရန်လိုအပ်


ရန်ကုန်တိုင်းဒေသကြီးတွင် ကားကျပ်မှုများကို ဖြေရှင်းရန် အတွက် ယာဉ်ထိန်းရဲများလိုအပ် ကြောင်းနှင့် မြို့ပတ်ရထားများ တိုး ချဲ့သွားရန် လိုအပ်ကြောင်းကို မထသ(ဗဟို)အစည်းအဝေးတွင် ပြောကြားချက်အရ သိရှိရသည်။

““ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေးအတွက် ဘတ်(စ်) ကားတွေကို တိုးချဲ့သင့်တယ်။ ပုဂ္ဂလိက ဘတ်(စ်)လိုင်းနဲ့အတူ အစိုးရကလည်း ယခင်မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်အတိုင်းပြေးဆွဲတဲ့ ဘတ်(စ်)ယာဉ်လိုင်းတွေကိုပြေးဆွဲပေး ရင်ယာဉ်ကြောတွေကျပ်မှာမဟုတ် ဘူး။ ဘတ်(စ်)ကားတွေကလည်း ယာဉ်စည်းကမ်းလိုက်နာသင့်တယ်။ဘတ်(စ်)ကားတွေယာဉ်စည်း ကမ်းလိုက်နာဖို့အတွက်ယာဉ်ထိန်း ရဲ တွေကို အင်အားတိုးသင့်တယ်။ ယာဉ်ထိန်းရဲ(၁၀၀၀)ကျော်နဲ့ လုံ လောက်တယ်လို့ သူတို့ကထင်နေ ကြတာ။ယာဉ်ထိန်းရဲတွေကိုလည်း ရဲတပ်ဖွဲ့ဝင်ရဲ့အောက်မှာ မထား ရှိဘဲယာဉ်ထိန်းရဲတွေကို သက် သက်ထားပြီး တိုးချဲ့သင့်တယ်။ တရုတ်ပြည်မှာမလုံလောက်တဲ့အတွက် ယာဉ်ထိန်းကျောက်ရုပ်တွေတောင် ပေးထားရတယ်။ ယာဉ်ထိန်းရဲရှိ တော့ ကားမောင်းတဲ့သူတွေက လည်း စည်းကမ်းလိုက်နာမှုရှိတဲ့ အတွက် ကားလမ်းတွေမကျပ် တော့ဘူးပေါ့။ဒီမှာက ဖမ်းရင် တောင် ယာဉ်ထိန်းရဲအရာရှိမှ ဖမ်းလို့ရတယ်ဆိုတာ နည်းနည်း မှားနေပါတယ်””ဟု မထသ(ဗဟို) ဒုဥက္ကဋ္ဌဦးလှသောင်းမြင့်ကပြော ကြားခဲ့သည်။

““ကားလမ်းတွေကျပ်တာက လည်း ကားပါကင်လုံလောက်တဲ့ နေရာမရှိလို့ပါ။လုံလောက်တဲ့နေ ရာရှိရင် ကားလမ်းတွေမကျပ်ပါ ဘူး။အခုဆိုရင် အထပ်မြင့်ဆောက် ရင် ကားပါကင်ပါမှဆောက်ခွင့်ရ တဲ့စည်းကမ်းတွေပါလာပါပြီ။ကား ကျပ်တဲ့ဒဏ်ကို ကာကွယ်ဖို့အ အတွက် မြို့ပတ်ရထားတောင်စီး ရေပြည့်မဆွဲနိုင်သေးဘူး။ရထား လမ်းတွေ ပြုပြင်ပြီး ရထားတွေ တိုးချဲ့သွားရင် ဘတ်(စ်)ကားမစီး တော့ဘူး။ဘတ်(စ်)ကားကို အား ထားရတဲ့သူတွေလွတ်မြောက်သွား မှာပါ။ဒါပေမဲ့ မြို့ပတ်ရထားဝယ် ဖို့တောင် ပိုက်ဆံမရှိတဲ့အတွက် ကားလမ်းတွေကတော့ ကျပ်နေဦး မှာပါ””ဟု မထသ(ဗဟို)အတွင်းရေး မှူးက ပြောကြားခဲ့သည်။

http://www.hotnewsweekly.com/archives/14971

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။