/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 19, 2012

.

ဘီဘီစီ၏ ရုပ်သံလိုင်းသုံးလိုင်း မြန်မာနိုင်ငံတွင် ပြသမည်


ဗြိတိသျှအသံလွှင့်ဌာန (ဘီဘီစီ)၏ အခပေးရုပ်သံလိုင်း သုံးလိုင်းအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်စတင်ပြသတော့မည်ဖြစ်ကြောင်း ဘီဘီစီက ကြေညာလိုက်သည်။

ကလေးငယ်များအတွက် In the Night Garden, Teletubbies နှင့် Mister Maker အစရှိသော ဇာတ်လမ်းများကို Cbeebies ရုပ်သံ လိုင်းမှလည်းကောင်း၊ Doctor Who နှင့် The Graham Norton Sho w စသော အစီအစဉ်များကို BBC Entertainment မှ လည်းကောင်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင် ၂၄ နာရီ ကမ္ဘာ့သတင်းများ တင်ဆက်သည့် BBC World News ကိုလည်း သီးသန့်လိုင်းတစ်လိုင်းမှ ထုတ်လွှင့်မည်ဖြစ်သည်။

ယင်းအပြင် အင်္ဂလိပ်ဘာသာဖြင့်ပင် BBC World Service in Asia အစီအစဉ်အား ဇန်န၀ါရီလ ၁ ရက်မှစ၍ Forever Group အခပေးရုပ်သံလိုင်းနှင့်ပူးပေါင်း၍ ပြသသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအား ကမ္ဘာကြီးသို့ ဖွင့်ပေးရာတွင် ဘီဘီစီ ပါဝင်နိုင်ခြင်းအတွက် များစွာဂုဏ်ယူမိကြောင်း ဘီဘီစီကမ္ဘာ့သတင်းများဌာန ဒါရိုက်တာ ပီတာဟိုးရော့စ်က ပြောကြားသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။