/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 19, 2012

.

မိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်းလုပ်ငန်းကို Visaမှ ပြုလုပ်သွားမည်


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်း လုပ်ငန်းကို Visa မှပြု လုပ်သွားမည်ဖြစ်ကြောင်း နေပြည် တော်၌ ကျင်းပပြုလုပ်ခဲ့သော Myan-mar Mobile And Electionic Payment Conference တွင် Visa မှ Head of Payment System partnerships ၏ Mr. RAJIV PAMA-NATHAN က ပြောသည်။

ယင်းကဲ့သို့ ငွေလွဲမှုများ ပြု လုပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ထိုငွေလွှဲခြင်းကို ကုန်သွယ် ရေး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဆက်သွယ်ရေးတို့နှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''မိုဘိုင်းငွေပေးချေမှု၊ ငွေလွှဲ မှုတွေက အကျိုးသက်ရောက်မှု ရှိ လာမှာပါ၊ အိုင်တီနည်းပညာ တိုးတက် လာတာနဲ့အမျှ ငွေပေးချေမှုတွေဟာ သွက်လက်မြန်ဆန်လာတယ်။ ဒါတွေ က အခြေခံစီးပွားရေး အဆောက်အ အုံတွေကို ပြောင်းလဲလာစေမယ်။ ဘဏ်တွေအနေနဲ့လည်း ဘဏ်အချင်း ချင်း ကွန်ရက်ဖြစ်ပေါ်မှုအတွက် အ ခြေခံအုတ်မြစ်ဖြစ်လာမယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးကို ဆက်သွယ်ရာမှာ လည်း အရေးကြီးပါတယ်'' ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မှ ဝန်ကြီး ဦးဝင်းရှိန်က ပြောကြား ခဲ့သည်။

အဆိုပါ မိုဘိုင်းဖုန်းဖြင့် ငွေလွှဲ ခြင်းများနှင့် ငွေပေးချေမှုများ တွင် ကျယ်စွာ အသုံးပြုနိုင်လျှင် ငွေလွှဲ ခြင်း၊ ငွေပေးချေခြင်းများအတွက် အချိန်ကုန်စေခြင်းမှ ကင်းဝေးစေပြီး၊ လူနေမှုဘဝများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ဘဏ်အသုံးပြုမှုများ လည်း တွင်ကျယ်လာမည်ဖြစ်ကြောင်း သိရသည်။

''အခုဆိုရင် မြန်မာနိုင်ငံမှာ မို ဘိုင်းဖုန်းသုံးစွဲမှုလည်း တိုးတက်လာ တယ်။ တစ်ဖက်မှာလည်း ဘဏ် လုပ်ငန်းတွေလည်း အပြိုင်တိုးတက် လာတယ်။ ဒါကြောင့် မိုဘိုင်းနဲ့ ငွေ ပေးချေမှုတွေကို စိတ်ဝင်စားလာတာ ပါ။ နှစ်ခုစလုံး အခြေခံကစနေတာ ဖြစ်လို့ လုပ်ကိုင်ရတာပိုပြီး လွယ်ကူ ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်ကတော့ လူတိုင်းမိုဘိုင်း Payment ကို သုံးနိုင်အောင် စီစဉ်ထား ပါတယ်''ဟု မစ္စတာ RAJIV PAMA- NATHAN က ပြောသည်။

Visa အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိ နှိုင်းဆွေးနွေးမှုများပြုလုပ်ကာ သဘော တူညီမှု ရရှိထားပြီ ဖြစ်သော်လည်း ဆက်သွယ်ရေး ဥပဒေနှင့် ဗဟိုဘဏ် မှ ထုတ်ပြန်မည့် ဘဏ်များနှင့် သက် ဆိုင်သည့် ဥပဒေများ မထုတ်ပြန်သေး သည့်အတွက် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း၊ စည်းမျဉ်း စည်းကမ်း များ ထုတ်ပြီးမှသာ မိုဘိုင်းငွေပေး ချေမှု လုပ်ငန်းများကို စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ငွေလွှဲခြင်း လုပ်ငန်းများကို ဘဏ်များနှင့်သာ ချိတ်ဆက်ပြုလုပ်နေကြကြောင်း သိ ရသည်။

Visa ၏ နည်းပညာဖြင့် Mobile Banking ကို ကမ္ဘောဒီးယား နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ တွင် အောင်မြင်စွာ အသုံးပြုလျက်ရှိ နေကြောင်း သိရသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။