/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 22, 2012

.

စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ်အသွင်ပြောင်းမည်

လယ်ယာစိုက်ပျိုးရေးဝန် ကြီးဌာနလက်အောက်ရှိတဲ့အစိုးရ ပိုင် စိုက်ပျိုးရေးဘဏ်ကို အများ ပိုင်ဘဏ်အဖြစ် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းဆောင်ရွက်တော့မည်ဟု သိရသည်။ မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကော်ပိုရေး ရှင်းနှင့် စိုက်ပျိုးရေးဘဏ်တို့ ပူး ပေါင်းပြီး စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင် ကူးပြောင်းဖို့ သမ္မတက ခွင့်ပြုချက်ပေးထားပြီဖြစ်တဲ့ အကြောင်း အောက်တိုဘာလ (၁၀)ရက် ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်မှု လယ်ယာပြပွဲမှာ လယ်ဆည်ဝန် ကြီးဦးမြင့်လှိုင်က ထုတ်ဖော်ပြော ဆိုခဲ့သည်။

အစိုးရပိုင် စိုက်ပျိုးရေးဘဏ် အနေဖြင့် လယ်သမားများကို ထောက်ပံ့ပေးရာမှ အကန့်အသတ်တွေရှိသည့်အတွက် ယခုလို အများပိုင်ဘဏ်အဖြစ် ပြောင်း ရန်ဆောင်ရွက်ခြင်းဟု ၎င်းပွဲကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်း၊ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ စိုးထွန်းကပြောဆိုသည်။

အများ ပိုင်ဘဏ်ဖြစ်လာရန် လယ်သမား တွေအတွက် ပိုမိုဆောင်ရွက်ပေး နိုင်မည့် မျှော်လင့်ချက်ကိုလည်း ယခုလိုပြောဆိုသည်။

နံပါတ်( ၁) အချက်အနေနဲ့ တောင်သူလယ် သမားတွေလိုအပ်တဲ့ သွင်းအား စုကို အပြည့်အ၀ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့အတွက် ကျွန် တော်တို့အနေနဲ့ တောင်းဆိုသွား ဖို့ရှိပါတယ်။

နံပါတ် (၂ )အနေနဲ့ ကျေးလက်ဒေသတွေမှာ စိုက်ပျိုး ရေးဘဏ်ခွဲတွေ ဖွင့်လှစ်ပေးနိုင် မယ်ဆိုရင်တော့ သူတို့ရဲ့ ငွေရေး ကြေးရေးဆိုင်ရာ ဘဏ်စနစ်လည်း ဖွံ့ဖြိုးလာပြီးတော့ ကျွန်တော်တို့ လယ်သမားတွေအနေနဲ့ Micro Finance နဲ့ပတ်သက်ပြီး ပိုပြီးဖွံ့ ဖြိုးလာပြီးတော့ ကျေးလက်တောင် သူတွေက တကယ်တမ်းမြို့တွေ၊ ဘဏ်တွေကိုသွားဖို့အတွက် အ ခက်အခဲရှိတဲ့အတွက်ကြောင့် အ ချင်းချင်း တိမ်းစောင်းမှုလေးတွေ ရှိတယ်။ ဒါလေးတွေကို အလိုလို ကာကွယ်ပြီးသားဖြစ်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

““စိုက်ပျိုးရေးဘဏ်ကို အများ ပိုင်ဘဏ်အဖြစ် လာမယ့်မိုးစပါး ရာသီချိန်မီ ပြောင်းလဲဖွဲ့စည်း သွားမှာဖြစ်ပါတယ်။ ကျေးရွာ ဘဏ်ခွဲတွေဖွင့်လှစ်သွားနိုင်တဲ့ အထိ ဆောင်ရွက်သွားဖို့ရှိပါ တယ်””ဟုလည်း ဒေါက်တာစိုး ထွန်းကပြောဆိုသည်။

အစိုးရ စိုက်ပျိုးရေးဘဏ်နဲ့ ပူးပေါင်းမယ့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းကို အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး၊ စီးပွားရေးလုပ်ပိုင်ခွင့် တရားဝင် ရရှိထားတဲ့ တစ်ခုတည်းသော ကော်ပိုရေးရှင်းလည်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။