/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, October 22, 2012

.

ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မိတ်ဆက်မည်

ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုတွင် ဖြန့်ဝေပြသ ခဲ့သည့် ဗီဒီယို ပေါက်ကြားသွားပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

Google က ထုန်ကုန်သစ်အချို့နှင့် Android ဗားရှင်းသစ်ကို ယခုလကုန်ပိုင်းတွင် မိတ်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီတွင်း အစည်းအဝေးတစ်ခုတွင် ဖြန့်ဝေပြသခဲ့သည့် ဗီဒီယို ပေါက်ကြားသွားပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်မည့် မီဒီယာပွဲတွင် အချက်အလက် သိမ်းဆည်းနိုင်မှု 32GB ရှိသော 3G ကွန်ရက်သုံး Nexus 7 Tablet ကို Google က မိတ်ဆက်မည်ဟုဆိုသည်။

ထို့အတူ Samsung နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော screen အကျယ် ၁၀ လက်မရှိ Nexus 10 Tablet ကိုလည်း ထုတ်ဖော်ပြသမည် ဖြစ်သည်။ Nexus 10 တွင် အသုံးပြုမည့် ၎င်း၏ OS အသစ်ဖြစ်သော Android 4.2 (Key Lime Pie) ကိုလည်း Google က စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ LG ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်သည့် Nexus စမတ်ဖုန်းတစ်မျိုးကိုလည်း အောက်တိုဘာ ၂၉ ရက် တွင် နယူးယော့ခ်မြို့၌ ပြုလုပ်မည့် မီဒီယာအခမ်းအနားတွင် Google က မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

http://www.planet.com.mm/news/read.cfm/id/20153

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။