/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 27, 2012

.

ပြည်တွင်း၌ Nano Sim Card ထုတ်ပေး နိုင်အောင် စီစဉ်သွားရန်ရှိ


အသစ်ထွက်ရှိ လာတဲ့ i-Phone 5 ကို ပြည်တွင်းမှာ အသုံးပြုနိုင်ဖို့ အတွက် Nano Sim Card တွေကို မှာယူ ထုတ်လုပ် ပေးသွားဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ထုတ်ပေးဖို့ စီစဉ်ရာ မှာတော့ ပြည်တွင်းမှာ i-Phone 5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် လုပ်ဖို့ကို စီစဉ်မှာ ဖြစ်ပါတယ်။

ဒါကလည်း မြန်မာ့ ဆက်သွယ်ရေးမှ Nano Sim ကတ် ထုတ်ပေးရမယ့် ပမာဏကို ထည့်သွင်း စဉ်းစားဖို့လိုအပ် တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဈေးကွက်ထဲကို i-Phone-5 ၀င်ရောက် လာပြီး အသုံးပြုဖို့ ခက်ခဲနေ သေးပေမယ့် pre-order မှာယူထားသူ ၁၀ ဦးနဲ့ အထက်မှာ ရှိနေတယ်လို့ Apple ကုမ္ပဏီမှ တရားဝင် ကိုယ်စားလှယ် ရရှိအောင် လုပ်ဆောင် နေတဲ့ ပြည်တွင်း ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း နာနိုဆင်းကတ်တွေ ထုတ်ပေးဖို့ အတွက် လက်ရှိ ပြည်တွင်းရဲ့ i-Phone-5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် ၀ယ်ယူ ထုတ်ပေးနိုင်ဖို့ အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူမှုတွေက အစ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။