/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 27, 2012

.

လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော သင်တော့မည်

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့တွင် အင်္ဂလိပ်စာ စကားပြောသင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာမှ သိရသည်။

ထိုသို့သင်ကြားနိုင်ရန် ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင် တည်းဖြတ်ခဲ့ပြီး၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအားဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟုသိရှိရသည်။

အခြေခံပညာ အထက်တန်း အဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာ အား ထည့်သွင်းမထားကြောင်း လာမည့်ပညာသင်နှစ်အတွက် မူလတန်း အဆင့်ကို အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

”အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်အခါတည်းက ပြုစုပျိုးထောင်ပေးတဲ့ သဘောရည်ရွယ်မှုတွေနဲ့ အခုလိုလုပ်ဆောင်တာပါ”ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။

အင်္ဂလိပ်စကားပြောသင်ခန်း စာသင်ရန် အခြေခံပညာကျောင်း တို့တွင် စာသင်ချိန် တစ်ချိန်သီးသန့် ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ ဆရာမများ သင်ကြားပေးနိုင်ရန် လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။