/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 27, 2012

.

ပြန်တမ်းဝင်စာမေးပွဲ မြို့ကြီးများတွင်ပါ ထည့်သွင်းကျင်းပတော့မည်

နိုဝင်ဘာလမှစကာ လျှောက်လွှာခေါ်ယူမည့် ပြန်တမ်းဝင်အရာရှိလောင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ အာမခံမှုဖြင့် မြို့တော်အသီးသီးတွင် ရေးဖြေ စာမေးပွဲများကို စစ်ဆေးပေးသွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းရွေးချယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ပြောသည်။

”ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြလိုက်တဲ့အပေါ် သဘောတူညီမှုရရှိခဲ့တဲ့အတွက် အခုလိုဆောင်ရွက်ပေးတာပါ”ဟု ညွှန် ကြားရေးမှူးချုပ်က ပြောသည်။

အောက်တိုဘာလတွင် ခေါ်ယူခဲ့သော ရာထူးအသီးသီးတို့မှာ နေပြည်တော်တွင် နောက်ဆုံး လာရောက် ဖြေဆိုကြရ မည်ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော် ၁၅ ခုတို့၌ ဆက်လက်ဖြေဆိုကြရလိမ့်မည်ဟု ၄င်းက ပြောသည်။

အစိုးရဌာနများအတွင်း အရာ ရှိအဆင့်ဖြင့် ဝင်ရောက် ထမ်း ဆောင်လိုကြသူတို့က ၄င်းတို့၏ ဇာတိအသီးသီးမှ နေ၍ နေပြည်တော်သို့ လာရောက်ကာ ရာထူးဝင်စာမေးပွဲ ကို ဖြေဆိုကြရသည့်အတွက် ခရီးစရိတ်အကုန်အကျများ နေကြကြောင်း စသည်ဖြင့် လွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးခွန်းတစ်ခု ထည့် သွင်း မေးမြန်းခဲ့ဖူးသည်။

ပြန်တမ်းဝင်အရာရှိအဆင့် ဝန်ထမ်းရွေးချယ်ခန့်ထားရေးကို ဥပဒေအရ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဆောင်ရွက်နေပြီး ဝန်ကြီးဌာနအသီးသီးက လစ်လပ်နေရာ တင်ပြ မှုအရ ရေးဖြေနှုတ်ဖြေစာ မေးပွဲ ခေါ်ယူစစ်ဆေးမှုဖြင့် ရွေး ချယ်ခန့်ထားပေးသည်။ နေပြည်တော်မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့က ရာထူးဝင်စာမေးပွဲ ကျင်းပခြင်းကိစ္စရပ်ကို မြို့တော်အသီးသီးတွင် ဦးဆောင်စီမံမှုကို ပြုလုပ်ကြ ရမည်ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။