/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 27, 2012

.

iPhone 5 နှင့် ယှဉ်ပြိုင်ရန် အတွက် Samsung မှ Galaxy Note 2 ကို ထုတ်လုပ်


ကမ္ဘာ့ နံပတ် ၁ စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်သည့် Samsung Electronics မှာ ဗုဒ္ဓဟူး နေ့က ၎င်း၏ နောက်ဆုံးထုတ် Galaxy Note ကို စတင် ထုတ်လုပ်လိုက်ကာ Apple ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်သည့် iPhone 5 ကို ယှဉ်ပြိုင်လိုက်သည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ဇင်ဝှာ သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သည့် လက ဘာလင်ရှိ IFA ကုန်စည်ပြပွဲတွင် ပြသခဲ့ပြီးနောက် Galaxy Note 2 ကို ယခု စတင် ထုတ်လုပ်လိုက်ပြီ ဖြစ်ကာ စမတ်ဖုန်းနှင့် တက်ဘ်လက်ပြား ပီစီ တို့ ပေါင်းစပ်ပြီး phablet ဟု ခေါ်ဆို ထားကြောင်းလည်း သိရသည်။ ယခုဖုန်းကို Samsung ၏ မူရင်း ဌာနချုပ် ရှိရာ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တွင် စတင် ဖြန့်ချိလိုက်ခြင်းလည်း ဖြစ်သည်။ Galaxy Note 2 မှာ စမတ်ဖုန်း မိုဘိုင်း လုပ်ငန်းတွင် မျက်နှာစာသစ် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပြီး Samsung အနေဖြင့် Apple နှင့် ယှဉ်ပြိုင်ရာတွင် ဈေးကွက် ဦးဆောင်သူ အဖြစ် ဆက်လက် ရှိနေရေးကို အထောက်အပံ့ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

source : xinhuanet.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။