/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 10, 2012

.

အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဆန္ဒပြပြန်


ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ မြန်မာအစိုးရသံရုံးရှေ့မှာ အင်ဒိုနီးရှားနိုင်ငံသား ၁၀၀ လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယမ် အလှည့်ကျ ဥက္ကဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူမှာကို အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယုဟိုယိုနို အနေနဲ့ မထောက်ခံဖို့ နဲ့ မြန်မာသံအမတ်ကိုလည်း ပြည်နှင်ဒဏ်ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဂျာကာတာမြို့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေကတော့ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ RSS လို့သိရပါတယ်။
သူတို့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြတာက ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေးဖို့ မြန်မာအစိုးထံ တောင်းဆိုထားသလို အစ္စလမ်ဘာသာဝင်နိုင်ငံကြီး ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေအရေး ခိုင်ခိုင်မာမာရပ်တည်ပေးဖို့ကိုလည်း တောင်းဆိုကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ယုဟိုယိုနိုကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ ဘာသာရေး ပဋိပက္ခ မဟုတ်ကြောင်း ဒေသတွင်း လူအုပ်စုကြားဖြစ်ပွားတဲ့ ပဋိပက္ခသာဖြစ်ပြီး မြန်မာအစိုးရ အနေနဲက အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနေကြောင်း သူ့အနေနဲ့ယုံကြည်တယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။