သြဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါ (ဒ/၁၇) ရက်ကွက် အတွင်း၌ပင် ရေအမြင့် သုံးပေမှ ငါးပေခန့်အထိ ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေ ၇၅ လုံးမှ အိမ်ထောင်စု ၇၈ စု၊ ကျား ၁၆၁ ဦး၊ မ ၁၅၉ ဦးတို့အား အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကယ်ဆယ်ရေးစခန်းတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ တို့မှ လိုအပ်သည့် စောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ယခုအထိ အဆိုပါ မြို့နယ်၌ စောင့်ရှောက်ကူညီခဲ့သူများမှာ အိမ်ထောင်စု ၂၀၀၊ ကျား ၄၃၅ ဦး၊ မ ၄၄၉ ဦးတို့ အပါအဝင် စုစုပေါင်း ၈၈၄ ဦးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။