Feature သစ်များစွာပါဝင်လာသည့် Google ၏ iOS app ကို iPhone နှင့် iPad (iOS ဗားရှင်း 4.2 နှင့်အထက်) တွင် လာမည့် ရက်အနည်းငယ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့ သည်။
iOS ပေါ်တွင်သုံးနိုင်မည့် Voice Search ကို မြေပုံ သတင်းအချက်အလက်၊ ရာသီဥတုအခြေအနေ အပြင် လူတစ်ဦးတစ်ယောက်ခြင်းနှင့် သတင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ရှာဖွေမှုများအတွက် အသုံးပြုနိုင် မည်ဖြစ်သည်။
ရှာဖွေမှုပြုလုပ်ရာတွင် microphone icon ကို နှိပ်ရုံဖြင့် ပြုလုပ်နိုင်ပြီး celebrity နှင့်ပတ်သက်သည့် အကြောင်းများ၊ Kilimanjaro မီးတောင်၏ အမြင့် စသည့် သိလိုသည့်အရာများကို မေးမြန်းနိုင်မည် ဖြစ်သည်။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။