/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 10, 2012

.

တောင်ကိုရီးယား သမ္မတနိုင်ငံမှ ရခိုင်ပြည်နယ်သို့ အမေရိကန် ဒေါ်လာ နှစ်သိန်း ငါးသောင်း တန်ဖိုးရှိသည့် ပစ္စည်းများ လှူဒါန်း

တောင်ကိုရီးယား သမ္မတနိုင်ငံ အစိုးရမှ ပြည်ထောင်စု သမ္မတနိုင်ငံ၊ ရခိုင်ဒေသ အတွင်းရှိ ပြောင်းရွှေ့ ဒုက္ခသည်များ အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာနှစ်သိန်း ငါးသောင်း တန်ဘိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ လှူဒါန်းမှုမှာ ယာယီ တဲအိမ်ပေါင်း ၇၀၀ နဲ့ တာပေါ်လင် တစ်ချပ်ကို အမေရိကန် ဒေါ်လာ ၃၀ တန်ဘိုးရှိပြီး တာပေါ်လင် ၇၀၀ ကို ကုလသမဂ္ဂ ဆိုင်ရာ မဟာမင်းကြီးများရုံး UNHCR မှတဆင့် လူသားချင်း စာနာထောက်ထားမှု အတွက် ရည်ရွယ်ပြီး လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာယီတဲ အရွယ်အစားမှာ အလျား ၃.၀ ၊ အနံ ၃.၀ ၊ အမြင့် ၂.၃ မီတာနဲ့ အလျား ၄.၂၁ ၊ အနံ ၅.၀ မီတာရှိ တာပေါ်လင်စ များကို လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒီလို ပေးအပ် လှူဒါန်းပွဲသို့ သြဂုတ်လ ၇ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ၃ ရှိ UNHCR သိုလှောင်ရုံမှ ကျင်းပပြုလုပ်ပြီး တောင်ကိုရီးယား နိုင်ငံမှ ဒုသံအမတ်ကြီး Mr. YUN KANG, Yeon နဲ့ ဦးသိန်းဌေးအောင် တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာန၊ KOICA မှ ကိုယ်စားလှယ် Mr. SHIN Monshik မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။