/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, July 9, 2012

.

ပြည်ပရောက် ရခိုင်များသို့ အမေရိကန်ရောက် မြန်မာ အမျိုးသမီး တစ်ဦး ပေးစာ


ရခိုင်ပြည်သား အပေါင်းသို့

ကျမအနေနဲ့ ခုချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေပေမယ့်လည်းအမိမြန်မာနိုင်ငံရဲ့သတင်းကို စဉ်ဆက်မပြတ် စောင့်ဖတ်ခြင်းနဲ့ နားထောင်ခြင်းများကိုအချိန်ရသလောက် ကျိုးစားဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။ ကျမငယ်စဉ်ကတည်းကရခိုင်လူမျိုးတွေကို အင်မတန်မှလေးစားပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ကမ်းမြောင်ဒေသမှာ ရခိုင်လူမျိုးတွေကြောင့် မြန်မာပြည်ဟာ ဘင်္ဂလာပြည်လက်အောက်ခံ မဖြစ်ခဲ့တာပါ။ ဘာသာရေးကိုလည်း အလွန်မှ ကြည်ညိုလေးစားတာသိထားတော့ အမျိုး၊ဘာသာ၊သာသနာအတွက် အလွန်တရာဂုဏ်ယူမိပါတယ်။

ကျမအနေနဲ့ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေကို အားမနာတမ်းပြောရမယ်ဆို ရင် ရခိုင်ပြည်နယ်မှာ ဥပမာ မွတ်ဆလင်ဘာသာဝင်တယောက်က အိမ်ထောင်ပြုလျှင်မိန်းမ ၄ ယောက်ယူခွင့်ရှိပြီး ခလေးမွေဖွားနှုန်းကလည်း အိမ်ထောင်စုတခုလျှင် ၂၈ ဦးအိမ်ထောင်တခုမှာ အနည်းဆုံး ၁၀ ဦးနှုန်းနဲ့မွေးဖွားခဲ့တော့ ယခုအခါမှာတော့ ရခိုင်မိသားစု ၁၀ ဦးလျှင် ခန့်မှန်းခြေ အလွန်ဆုံး ၂၀ နှုန်းတိုးခဲ့ပေမယ့် မွတ်ဆလင်များကတော့ ၁၀ ဦးလျှင် ၂၀၀ နှုန်း တိုးပွားခဲ့ပါတယ်။ဒီတော့ ကနေ့အခြေအနေဟာ ရခိုင် လူနည်းစုဖြစ်ခဲ့တာ မဆန်းပါဘူး။အဓိက အဲဒီကိစPဟာ ရခိုင်လူမျိုးတွေမှာပဲ တာဝန်ရှိပါတယ်။ အခုတင်ပြတာကိုစိတ်မဆိုးပါနဲ့ အမှန်အတိုင်းရိုးသားစွာတင်ပြတာပါ။ ရခိုင်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာဆင်းရဲကြပ်တည်းလွန်းတာကြောင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနဲ့ အများဆုံးကတော့၁၉၈၈ခုနှစ်နောက်ပိုင်းမှာ တော်လှန်ရေးအတွက် ထိုင်းနိုင်ငံကိုထွက်ခဲ့ကြသလို ထိုင်းနိုင်ငံမှာလုပ်ကိုင်စားသောက်ဖို့ ရနောင်း၊ဘန်ကောက်၊မဲဆောက်၊ချင်းမိုင် စတဲ့နေရာတွေကိုသောင်းနဲ့ချီရောက်ကြပါတယ်။

မလေးရှားမှာတော့ သောင်းနဲ့ချီတဲ့ ရခိုင်လူမျိုးများရောက်နေ ကြပါတယ်။အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒုကQသသည်အစီအစဉ်နဲ့ ထောင်ချီတဲ့ရခိုင်လူမျိုးတွေ ရောက်ရှိနေပါပြီ။အဆိုးဝါးဆုံးအချက်ကတော့ ရခိုင်လူမျိုးသည် မိမိတို့အမျိုးသားရေးကို ထိန်သိမ်းတဲ့အနေနဲ့ အခြားသောလူမျိုးကို အိမ်ထောင်ပြုလေ့မရှိကြပါ။ထို့အပြင် ရခိုင်အမျိုးသမီးများကလည်း ပြည်ပနိုင်ငံတွေကို ထွက်လေ့မရှိကြတော့ ရခိုင်အမျိုးသားတွေအနေနဲ့ မိမိတို့လူမျိုးအချင်းချင်း အိမ်ထောင်ပြုဖို့ အခွင့်အလမ်းနည်းပါးကြတာအမှန်ပါ။ဒါကြောင့် အရင်ကဘယ်လိုဘဲဖြစ်ဖြစ်စေတော့ ယခုအချိန်မှာ မြန်မာပြည်လည်းအပြောင်းအလဲစတင်နေချိန်မို့ နိုင်ငံတကာရောက် ရခိုင်လူမျိုးများအနေနဲ့ ပြည်ပနိုင်ငံတွေမှာနေရတဲ့ အခက်အခဲပေါင်းစုံကို ကျမလိုဘဲခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်။

ထို့ကြောင့် အမျိုးသားရေးတာဝန်တရပ်ကိုထမ်းဆောင်နိုင်ကြဖို့ မိမိတို့ဇာတိ ရခိုင်ပြည်နယ်သို့ပြန်ကြပြီး မိမိတို့လူမျိုးများရဲ့ မျိုးဆက်သစ်များကို လမ်းပြပေးကြစေလိုပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ စွမ်းအားရှိသလောက်ပါဝင်ဆောင်ရွက်နိုင်ကြဖို့နဲ့ မိမိတို့ရခိုင်မျိုးဆက်သစ် တိုင်းရင်းသားစစ်စစ်များတိုးပွားပြီး မျိုးဆက်အင်အားကောင်းအောင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။ဆက်လက်ပြီး ပြည်ပမှာဘဲနေကြမယ်ဆိုရင် တဖြေးဖြေးနှင့် ရခိုင်လူမျိုးဆိုတာနောင်အခါမှာ ပန်းချီဆွဲကြည့်ရမယ်လို့ သတိပေးပါရစေ။ဒါကြောင့် ပြည်ပရောက်ရခိုင်အမျိုးသားများ(ရခိုင်လူမျိုးများအားလုံး) ရခိုင်ပြည်နယ်ကို ပြန်လာကြဖို့ တိုက်တွန်းပါရစေ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။