/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 14, 2012

.

ရခိုင်ဒေသခံ ပြည်သူများ အတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့

ရခိုင်ပြည်နယ် အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် အဆိုပါ ဒေသခံ တွေအနေနဲ့ နေအိမ်၊ ပစ္စည်းဥစ္စာတွေ ပျက်စီး ဆုံးရှုံးခဲ့ ရတာကြောင့် အလှူရှင် တွေရဲ့ စုပေါင်း လှူဒါန်းမှု တွေကို ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို လှူဒါန်းမှု တွေကို ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တို့က ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာန၊ မီးသတ် ဦးစီးဌာန ရုံးချုပ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါ လှူဒါန်းမှု တွေရဲ့ အလှူပစ္စည်းတွေ၊ လှူဒါန်းငွေတွေ ကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား မီးသတ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက တက်ရောက် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းကြရာမှာ ဇွန်လ ၁၂ ရက်နေ့က အလှူရှင်တွေရဲ့ လှူဒါန်းမှု ငွေကျပ် စုစုပေါင်း သိန်းပေါင်း တစ်ရာ့ သုံးဆယ် ကျော်နဲ့ ယမ်ယမ် ခေါက်ဆွဲထုပ် များကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကတော့ စုစုပေါင်း ငွေကျပ် သိန်းခြောက်ရာကို လှူဒါန်းခဲ့ ကြတယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းကြ တာဟာ ကုမ္ပဏီ၊ အသင်းအဖွဲ့တွေ သာမက စေတနာရှင် မိသားစု တွေပါ လာရောက် လှူဒါန်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။