/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 14, 2012

.

မြန်မာသုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးမည်

မြန်မာနိုင်ငံရှိ သုတေသီများအတွက် အိန္ဒိယနိုင်ငံက နှစ်စဉ် ပညာသင်ဆု ၁၀ ဆု ပေးသွားမည်ဖြစ်ကြောင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာသုတေသီများအနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နှစ်စဉ်ပညာသင်ဆု ၁၀ ဆုပေးအပ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့ကြောင်း၊ အဆိုပါ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်၏ ပြည်ထောင်စု သမ္မတနိုင်ငံတော် ခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်များတွင် အဆိုပါ အချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိယမှ ကူညီပေးလိုသည့် ဆန္ဒနှင့်အညီ အိန္ဒိယ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် မြန်မာနိုင်ငံသို့ လက်ရှိ သင်တန်းသားဦးရေ ၂၅၀ ဦး ခွဲဝေပေးအပ်နေခြင်းအား နှစ်ဆတိုး၍ သင်တန်းသားဦးရေ ၅၀၀ ဦးသို့ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယဝန်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့် နည်းပညာမြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယ စင်တာအားလာမည့် ငါးနှစ်တာကာလအတွက် နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည့်အပြင် နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။