/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 14, 2012

.

ဘီဘီစီ သို့  ဒေါက်တာအေးချမ်းပေးစာ



From : Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014

BBC ခင်ဗျား

၁၊ ၉၊ ၂၀၁၀ နေ့ကထုတ်လွှင့်သွားတဲ့ ဗြိတိန်ရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင်နဲ့ တွေ့ဆုံမေးမြန်းခန်းကို နားတောင်လိုက်ရပါတယ်။ ဒိကိစ္စကို ကြည့်ရူရမဲ့ ရူဒေါင့် နှစ်ခုရှိပါတယ်။ ရခိုင်ပြည်မြောက်ပိုင်း မှာနေကြတဲ့ မူဆလင်နေတွဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မူကိုခံနေ ရတာကိုမငြင်းပါဘူး။ ဒါပေမဲ့ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မူ အောက်မှာနေရတဲ့ တစ်ခုတည်းသော လူမျိုးစုမဟုတ်ပါဘူး။ နိုင်ငံတကာ မီဒီယာကြီးတစ်ခု အနေနဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကို တစ်ခြားတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အရေးထက် ပိုဇောင်းပေးပြီးဖေါ်ပြနေတာ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို ပြည်ထောင်စုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာက တခြားပြသနာတစ်ခုပါ။ ရိုဟင်ဂျာဆိုသူတွေဟာ ကိုလိုနီခောတ်က ၀င်ရောက်လာတဲ့ ဘင်္ဂလီလယ်ကူလီများက ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ ဒီအကြောင်းကို သမိုင်းဆိုင်ရာအချက်အလက်များနဲ့ တကွ ကျွှန်တော်ဖေါ်ထုတ်ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ကျွှန်တော့်ရဲ့စာတမ်းကို "SOAS Bulletin of Burma Research 3-2." မှာဖတ်နိုင်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မည်သည့်ပညာရှင်များနဲ့ မဆို ဆွေးနွေးဖို့ ကျွှန်တော်အသင့်ရှိပါတယ်။ သူတို့ဟာ ကိုလိုနီခေတ်မှာ ရခိုင်ပြည်ကိုပြောင်းရွှေ့နေထိုင်ဖို့ ၀င်ရောက်လာခဲ့ကြပါတယ်။ ရခိုင်လူထုကလည်း သူတို့ကို လက်ခံပြီးနေထိုင်ခွင့်ပေးခဲ့ကြပါတယ်။ ဒုတိယကမ္ဘ္ဘာ စစ်အပြီး မှာတော့ သူတို့ဟာ အဲဒီဒေသမှာ လူများစုဖြစ်လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်အချိန်မှာ သူတို့ဟာမြန်မာနိုင်ငံကခွဲထွတ်ပြီး အခု ဘင်္ဂလားဒျေ့ နိုင်ငံဖြစ်တဲ့ အရှေ့ပါကိစ္စတန် ထဲကိုဝင်ရောက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့တောင်းဆိုချက် ကိုအရှေ့ပါကိစ္စတန်ခေါင်းဆောင် တွေကပယ်ချလိုက်တဲ့ အချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေးစစ်ကြေငြာခဲ့ကြပါတယ်။ မြန်မာစစ်တပ်နဲ့ဖြစ်တဲ့ တောတွင်းစစ်ပွဲတွေမှာ သူတို့ရှူံးနှိမ့်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးကို ဖန်တီးပြီး သူတို့အတွက်သီးခြား ရိုဟင်ဂျာနိုင်ငံ ထူထောင်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ မြန်မာသမိုင်းမှာတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု မည်သည့်အချိန်ကမှမရှိခဲ့ပါ။

လွှတ်တော်အမတ် စမစ် (Congressman Smith) ပြောတဲ့ ဗြိတိန်နိုင်ငံမှာ နေထိုင်ခဲ့ကြတဲ့ ပါကိစ္စတန်တွေ၊ အာရပ်တွေ၊ အန္ဒိယ လူမျိုးတွေရဲ့ မျိုးဆက်တွေဟာ ဗြိတိသျနိုင်ငံသားတွေဖြစ် လာခဲ့ကြပါတယ်ဆိုတာကိုမငြင်းလိုပါဘူး။ ဒါပေမဲ့ ဗြိတိန်နိုင်ငံမှာနေတဲ့ သူတို့တွေဟာ ကိုယ်ပိုင်နယ်မြေမတောင်း ဆိုကြပါဘူး။ သူတို့တွေဟာ သီးခြားလူမျိုးစုတစ်ခု အဖြစ်သတ်မှတ်ပေးဖို့ မတောင်းဆိုကြပါဘူး။ မြောက်ပင်လယ် (North Sea) မှာဖြစ်ဖြစ် သူတို့အတွက်သီးခြား ဒေသတစ်ခု ပေးပါလို့ မတောင်းဆိုကြဘူး။ သူတို့တွေဟာ ဗြိတိသျလူမျိုးအဖြစ်ပဲ ခံယူပါတယ်။

၁၉၄၇ ခုနှစ်မှာတော့ ဒီစစ်တကောင်းဒေသကလာတဲ့ ဘင်္ဂလီတွေဟာ ရခိုင်ပြည်ကိုနှစ်ပိုင်းခွဲဖို့တောင်းဆို လာခဲ့ကြပါတယ်။ ဒေသခံ ရခိုင်လူမျိုးတွေဟာ သူတို့ရဲ့ မိဘဘိုးဘွာပိုင်မြေကို နှစ်ပိုင်းခွဲပြီး တစ်ပိုင်းကို အပြင်ကလာတဲ့သူတွေ ကိုပေးလိုက် ရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ဘီဘီစီ နဲ့ ဦးထွန်းခင်ကိုမေးချင်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။