/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 21, 2012

.

ခုနှစ်ရက်သားသမီးများအတွက် (၂၁.၅.၁၂) မှ (၂၇.၅.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးရှိခြင်း၊ လူမျိုးခြား၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်း ရောက်လာခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်းများဖြစ်တတ်သည်။ လုပ်ငန်းအောင်မြင်နေမည်။ ၀င်ငွေအားကောင်းနေမည်။ အလုပ်တွင် လက်အောက်ငယ်သား (သို့) အသက်ငယ်သူကြောင့်စိတ်ညစ်ရတတ်သည်။ လက်အောက်ငယ် သားထွက်ပြေးတတ်သည်။ လူလိမ်ခံရခြင်း၊ လူလူခံရခြင်းဖြစ်တတ်သည်။ အသွားအလာသတိရှိပါ။

ကျန်းမာရေး။ အဆုပ်အအေးမိခြင်း၊ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လက်ထပ်မင်္ဂလာပြုလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံသကာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂၊ ၀၊ ၀၊၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ရွှေလက်ကောက်ဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ စီးပွားရေးအလွန်ကောင်းနေသောအချိန်ဖြစ်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ အပိုဝင်ငွေကောင်းခြင်းများဖြစ်နေမည်။ လက်အောက်ငယ်သားကောင်းများရခြင်း ၊ အလုပ်သစ်များတိုးချဲ့ရန်ပေါ်လာခြင်းဖြစ်မည်။ အလွန်ကောင်းပါသည်။ စီးပွားတက်သောကြောင့် သတိရှိပြီး အလှူဒါနများပြုလုပ်ပါ။ရပ်ဝေးမှနာရေးကြားရတတ်သည်။ ဖုန်းထွက်တတ်သည်။

ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်နေတတ်သည်။
အချစ်ရေး။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းခံနေရတတ်သည်။ သတိထားပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄၊ ၂၊ ၄၊ ၈)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မြေ၀င်ခြင်း၊ မျက်မှန်၊ စက်ပစ္စည်းဝင်ခြင်းများဖြစ်တတ်သည်။ အလုပ်အကိုင်တွင်ငွေဝင်မည်။ သို့သော် အလုပ်ထဲတွင်ခိုက်ရန်ဖြစ်ပွားတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ မိဘများကိုကျေးဇူးပိုပြီးဆပ်နိုင်မည်။ သင်တန်းတက်ရခြင်း၊ ပညာတခုခုသင်ရခြင်းဖြစ်မည်။ ငွေဝင်မည်။ အကုန်များနေမည်။ နာရီမ၀ယ်ပါနှင့်။ ပျက်နေလျှင်စွန့်ပါ။ ရပ်နေလျှင်ဓါတ်ခဲထည့်ပါ။

ကျန်းမာရေး။ သွေးလျှံခြင်း၊ ၀မ်းမကောင်းခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။ သင့်ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်နိုင်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၅၊ ၅၊ ၁)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ကားအဟောင်းအသစ်လဲရခြင်း၊ ကားထွက်ခြင်း၊ အိမ်အခန်းပြုပြင်ခြင်း၊ ရွှေအသစ်ဝင်ခြင်းများဖြစ်တတ်သည်။ စာချုပ်စာတမ်း၊ အာမခံခြင်းမလုပ်ပါနှင့်။ မိမိစိတ်ညစ်ရတတ်သည်။ အရေးကြီးစာရွက် စာတမ်းပျောက်တတ်သည်။ ငွေဝင်မည်။ အထွက်များနေမည်။ ငွေပျောက်တတ်သည်။ အစားမှားတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကောင်းမှုကုသိုလ်များလုပ်နေရမည်။ ဘုရားဖူးခရီးသွား ရတတ်သည်။

ကျန်းမာရေး။ အမျိုးသားများ ခြေထောက်ဒဏ်ရာရခြင်း၊ အမျိုးသမီးများ သားအိမ်ကျန်းမာရေးညံ့နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူ၏အဆက်အသွယ်ဖြတ်ခြင်း(သို့) အဆင်မပြေခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၈၊ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စိတ်တိုင်းမကျသောကာလဖြစ်နေမည်။ လုပ်သမျှအဆင်မပြေဖြစ်နေမည်။ ငွေများစွာကုန်နေမည်။ ငွေကြောင့်သောကရောက်နေရတတ်သည်။ လူလိမ်ခံရခြင်း၊ ကြွေးတင်ခြင်းဖြစ်နေမည်။ ငွေရင်းပြီးစီးပွားမရှာရပါ။ ဆုံးရှုံးမှုများမည်။ လုပ်နေသောအလုပ်ကိုဂရုတစိုက်လုပ်ပြီးအေးဆေးနေပါ။ ဘာသာရေးတတ်နိုင် သမျှလုပ်ပြီးနေရမည့်အချိန်ဖြစ်သည်။

ကျန်းမာရေး။ အအေးမိခြင်း၊ လေဖြန်းခြင်း၊ လေဖြတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စဉ်းစားဆုံးဖြတ်ရခက်အောင်ဖြစ်နေမည်။ မိမိစိတ်တိုင်းမကျတာများနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၁၊ ၀၊ ၂)

သောကြာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများပြုလုပ်ရခြင်း၊ ရေခြားမြေခြားခရီးသွားရခြင်း၊ မရောက်ဖူးသောဒေသ သို့သွားရောက်ရတတ်သည်။ ဖုန်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ နိုင်ငံခြားမှလက်ဆောင် ပစ္စည်းရခြင်း၊ အစားအသောက်များဒါနပြုခြင်းမကြာခဏခံရခြင်းများဖြစ်နေမည်။ ရွှေ၊ နာရီထွက်တတ်သည်။ စက်ပစ္စည်းများဝင်တတ်သည်။ ငွေဝင်မည်။ ခင်မင်သောမိတ်ဆွေမင်္ဂလာ ဆောင်ခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ ခါးကြောညှပ်ခြင်း၊ ကျောအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။ နှစ်ဦးနှစ်ဖက်အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၂၊ ၇၊ ၂ )

စနေသားသမီးများ၏ကံကြမ္မာ

သူငယ်ချင်းတဦးကြောင့်ကားဝင်ခြင်း (သို့) လူမျိုးခြားတဦးကြောင့်ကားဝင်ခြင်းဖြစ်တတ်သည် ။ လက်ခံလိုက်ပါကောင်းသည်။ ထို့နောက်စီးပွားတက်မည်။ ကွန်ပြူတာဝင်မည်။ ဆိုင်ကယ်ကြောင့် ငွေကုန်ရမည်။ ဆိုင်ကယ်နှင့်ကားငြိတတ်သည်။ သတိထားစီးပါ။ ရပ်ဝေးမှနာရေးသတင်းကြားရခြင်း၊ မိဘကျန်းမာရေးညံ့နေခြင်းဖြစ်နေမည်။ အလှူအတန်းတခုသေချာပေါက်လုပ်ဖြစ်မည်။ ပြီးလျှင်ပျော်ရွှင်သောခရီးသွားရလိမ့်မည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ ဗိုက်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ သို့သော် အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းများနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတာင်းပါ။

*ကောင်းကျိုလိုရာဆန္ဒပြည့်ဝပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ။
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
( ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)ဖုန်း +6016 690 3513 ၊ +6012 9133 093Facebook: www.facebook.com/ swezinwatiE-mail:swezinwati@gmail.com

*မလေးရှားနိုင်ငံမဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်ဝါသနာပါသူများ ဗေဒင်မေးမြန်းလိုပါက Email မှတဆင့်ဟောစာတမ်းပေးပို့ပြီးဟောပေးပါသည်။

မူရင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။