/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 21, 2012

.

မနန်းဝိုးဖန် ၏ ခင်ပွန်း ကို ‘စ’ သုံးလုံးမှ ဖမ်းဆီး

မတ်လ ၂၅ ရက်နေ့ က ရန်ကုန် မြို့  ဆိပ်ကမ်းသာ လမ်းရှိ အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စ သုံးလုံး) က စစ်ဆေးနေ စဉ် ငါးထပ် အမြင့် ပေါ် မှ ခုန်ချ သတ်သေခဲ့ သည့် မနန်းဝိုးဖန် ၏ ခင်ပွန်း ဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည် ဟု အဆိုပါ ဌာ န မှ စုံစမ်းစစ်ဆေးရေး အရာ ရှိ တစ်ဦး က FNG သို့  အတည်ပြု ပြောကြား သည်။

မနန်းဝိုးဖန် သည် ဂျပန် နိုင်ငံ သား ခင်ပွန်း ၏ အကူအညီ ဖြင့် ရန်ကုန် နှင့် အခြား မြို့ များ တွင် အိမ်ခြံမြေ ၀ယ်ယူရင်း နှီး မြုပ် နှံ မှုများ ကို စ သုံး လုံး ရုံးမှ စုံစမ်း စစ်ဆေး နေ စဉ် အတွင်း ခုန်ချ သတ် သေခဲ့ ခြင်း ဖြစ်သည်။

စ သုံး လုံး က မစ္စတာ နာမာဆဲ ကို ဖမ်းဆီး ခြင်း သည် နိုင်ငံ တွင်း သို့  တရား မ၀င် ငွေကြေး လွှဲပြောင်းမှု ကြောင့် ဖြစ်သည် ဟု Yangon Press International သတင်း တွင် ဖော်ပြ ထား သည်။

မနန်းဝိုးဖန် သေဆုံး စဉ် က သတင်း ယူခဲ့ သည့် သတင်းထောက်များ ကို စ သုံးလုံး မှ ခြိမ်းခြောက် မှု များ ရှိ ခဲ့ သည်။ သူမ ၏ ဖခင် ဖြစ်သူ က သမီး ဖြစ်သူ သေဆုံး မှု အတွက် စ သုံးလုံး ကို တရား စွဲ ဆို ရန် ပြင်ဆင် ထား သည် ဟု သိရသည်။

မစ္စတာနာမာဆဲ ကို ဖမ်းဆီးထား မှု နှင့် ပတ်သက် ပြီး FNG မှ ဂျပန် သံရုံး ကို ဆက်သွယ်မေး မြန်း ရာ တွင် ၎င်း တို့ ၏ ပါဝင်ဆောင် ရွက် မှု နှင့် ပတ်သက် ပြီး အတိအကျ မသိရှိ ရသေး သော် လည်း ဂျပန် သံရုံး နှင့် နီးစပ်သည့် စာရေးဆရာ တစ်ဦးက အင်းစိန်ထောင် တွင် ချုပ် နှောင် ခံ ရသည့် မစ္စတာ နာမာဆေး ကို သံရုံး မှ တာဝန်ရှိ သူ များ ကိုယ် တိုင် တွေ့  နိုင် ရန် ကြိုး စား နေ သည် ဟု သိရသည်။

မစ္စတာနာမာဆဲ သည် ဇနီး ဖြစ်သူ သေဆုံး မှု အတွက် ပြီးခဲ့ သည့် လ က ရန်ကုန် မြို့ ဆာကူ ရာ တာဝါ ဉ် သတင်း စာ ရှင်း လင်း ပွဲပြု လုပ် ခဲ့ သည်။ ၎င်း သည် မနန်းဝိုးဖန် ကို တရား ၀င် လက်ထပ် ထိမ်းမြား ထား သူ ဖြစ်သည်။

မစ္စတာ နာမာဆဲ သည် မေလ ၁၃ ရက်နေ့  ဂျပန် နိုင်ငံ သို့  ပြန် လည် ထွက် ခွာ ရာ တွင် ရန်ကုန် နိုင်ငံ တကာ လေဆိပ် ဉ် ပြည်ပ ထွက် ခွာ ခွင့် ကို တားဆီး ခဲ့ သည်။

Photo Credit to YPI





ဆက်စပ်သတင်း

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

 

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။