/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, May 21, 2012

.

ဗီယက်နမ် ကုန်စည်ပြပွဲ ကျင်းပမည်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်မြှင့်တင်မှုအဖွဲ့ (ITPC) မှ စီးပွားရေးလုပ်ငန်းရှင်များသည် ဗီယက်နမ်နိုင်ငံထုတ် ပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံတွင် လာရောက်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ITPC အဖွဲ့သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ လာရောက်ပြသမည်ဖြစ်ပြီး ပြပွဲနှင့်အတူ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းစုများနှင့် မိတ်ဖက်လုပ်ငန်းများ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ကားထုတ်လုပ်ရေး အစရှိသော လုပ်ငန်းစုများတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ပစ္စည်းရောင်းချခြင်းထက် မိတ်ဖက်ကုမ္ပဏီရှာဖွေခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ပလတ်စတစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်နှင့် အိမ်သုံးပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။