/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 30, 2012

.

တာဝန်သိ ခရီးသွားလုပ်ငန်းမူဝါဒသည် ပင်မစီမံကိန်းကို အထောက်အကူပြုမည်ဟု ဆို

စတင်ရေးဆွဲလျက်ရှိသော တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒ(မူကြမ်း)ပါ အချက်များသည် ပင်မစီမံကိန်းရေးဆွဲရာတွင် အထောက်အကူပြုမည်ဟု ဟိုတယ်/ခရီးဝန်ကြီး ဌာန အကြံပေး ဒေါ်ကြည် ကြည်အေးက ပြောသည်။

အဆိုပါ မူဝါဒ မူကြမ်း ရေးဆွဲ ရေး ဆွေးနွေးပွဲများကို ရန်ကုန်၊ ပုဂံ၊ ဟဲဟိုးတို့တွင် ပြုလုပ်ပြီး ရရှိသော အချက်များကို ဇွန်လ ၄ ရက်နှင့် ၅ ရက်တွင် နေပြည်တော်၌ စာ တမ်းဖတ်မည် ဖြစ်ကြောင်း၊ ထိုသို့ စာတမ်းဖတ်ရာတွင် ဟိုတယ်/ခရီး သာမက အခြားဝန်ကြီးဌာနများပါ ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

”ဒီတာဝန်သိ ခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း)Tourism Master Plan အောက်ပဲသွားမှာပါ”ဟု ၄င်းက ပြောသည်။

မေလ ၂၄ ရက်တွင် တာဝန် သိခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း) ရေးဆွဲရေးအတွက် ရန်ကုန်၌ ပြု လုပ်သော ဆွေးနွေးပွဲတွင် ဟိုတယ်ခရီးဝန်ကြီးဌာနက လက်ရှိ ဟိုတယ် များ ဈေးမြင့်တက်ရမှုနှင့် မြန်မာ့ခရီးသွားလုပ်ငန်း အလားအလာကိုလည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။

တာဝန်သိ ခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း)သည် အစိုးရသစ် လက်ထက်တွင် ပထမဆုံးရေးဆွဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒဖြစ်သည်။

၎င်းမူကြမ်းပါ အချက်များ သည် သြဂုတ်လတွင် စတင်ရေးဆွဲမည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် ပါဝင်မည်ဖြစ်ပြီး အဆိုပါခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို နော်ဝေနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့၏ အကူအညီဖြင့် ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မေဇင်ဝင်း

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။