/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, May 30, 2012

.

Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်

ဓါတ်ပုံ(NLD)

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ(၂၉) ရက်နေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် Manmohan Singh က ကွန်ဂရက်ပါတီဥက္ကဌ Sonia Gandhi လူကြုံပါးလိုက်တဲ့စာကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ကြောင်း Press Trust of India သတင်း မှာ ရေးထားပါတယ်။

အဲဒီစာထဲမှာ Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ပြီး Jawaharlal Nehru အမှတ်တယအခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဖိတ်ခေါ်ချက်ကိုလက်ခံပြီးအမြန်ဆုံးသွားရောက်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။

ရန်ကုန်-စီဒိုနားဟော်တယ်မှာ ၄၅-မိနစ်ကြာတွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနဲ့မြန်မာဟာ ပထ၀ီမြေအနေအထားအရ ကာလကြာရှည် ချစ်ကြည်ရင်းနှီးတာမဟုတ်ဘဲ တစ်ဦးရဲ့စံတန်ဖိုး ကို တစ်ဦးကမျှဝေခံစားပြိး လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့တာကြောင့်ဖြစ်ကြောင်း ၀န်ကြီးချုပ် Manmohan Singh ကို ပြောကြားခဲ့ပါတယ်။

ဒီဗွီဘီ

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။