/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 25, 2012

.

အရေးပေါ် လူနာတင်ယာဉ်ဖြင့် အခမဲ့ကူညီမည့် အစီအစဉ်သစ် နာရေးကူညီမှု အသင်း စတင်လုပ်ဆောင်

ရန်ကုန်မြို့တွင်း နေရာအချို့တွင် ထိခိုက်ဒဏ်ရာ ရရှိသူများအတွက် အရေးပေါ် လူနာတင်ယာဉ်ဖြင့် အစိုးရဆေးရုံများသို့ အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်သစ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှစတင် လုပ်ဆောင်တော့မည်ဟု ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

”ခုလောလောဆယ်တော့ မြောက်ဒဂုံမှာရှိတဲ့ ရုံးနဲ့နီးတဲ့နေရာ တွေမှာ စပြီးလုပ်ဆောင်မှာပါ။ နောက်ပိုင်း တွင်ကျယ် လာရင်တော့ မြို့နယ်တွေ ချဲ့မှာပေါ့”ဟု ၄င်းက ပြောသည်။

လူနာတင်ယာဉ်ကို လောလောဆယ် တစ်စီးဖြင့်စမည်ဖြစ်ပြီး လမ်းတွင်အရေးပေါ် ထိခိုက်ဒဏ်ရာ ရသည့်လူနာများကို ဆေးရုံကားဖြင့် အခမဲ့ကူညီသူများက ဝိုင်းဝန်းကူညီ၍ အရေးပေါ်ဌာနသို့ ပို့ဆောင် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းစတင် အကောင်အထည် ဖော်မည့်နေရာများ မှာ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာ ဒုံနှင့် မရမ်းကုန်း အနီးတစ်ဝိုက်တို့ ဖြစ် သည်။

အရေးပေါ် လူနာတင်ယာဉ် ဖြင့် သယ်ဆောင်နိုင်ရန် အတွက်လည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် နိုင်ငံတကာတွင် ရှိသော ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိ သူများက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စေတနာရှင် လုပ်အားရှင် များအား သင်တန်းများ ပို့ချပေးပြီး ဖြစ်သည်။

”သက်ဆိုင်ရာ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ခွင့်ပြု မိန့်ကျ ပြီးတာနဲ့ လုပ်ငန်း အကောင်အထည် ပေါ်လာတော့မှာပါ”ဟု ဥက္ကဋ္ဌဦးကျော်သူက ပြောသည်။

ချစ်ဆုဆွေ

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။