/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 25, 2012

.

မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဂျပန်က အထောက်အပံ့ ယန်း ဘီလီယံ ၆၀၀ ပေးမည်


မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံက ပင်လယ်ရပ်ခြား အထောက်အပံ့ (အိုဒီအေ) ယန်း ဘီလီယံ ၆၀၀ ကို လာမည့်သုံးနှစ်အတွက် ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဧပြီ ၂၁ ရက် နံနက်က ဂျပန်နိုင်ငံ တိုကျိုမြို့ အစိုးရဧည့်ဂေဟာတွင် ကျင်းပနေသော မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးအပြီး၌ ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒါက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခြင်းဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ခ်ရှင်နာဝပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တက်ရောက်ကြသည်။

“အခု စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နျူကလီးယား မပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ပြီး တိုကျို မဟာဗျူဟာ ၂၀၁၂ နှင့်အတူ မဏ္ဍိုင်ကြီးသုံးရပ် ပူးပေါင်းဆောင်ရွက်ရေးတွေကို သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တိုကျိုမဟာဗျူဟာ (လုပ်ငန်းစဉ်) များ အောင်မြင်ရေးအတွက် အပြည့်အဝ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

ဂျပန်ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ဦးဆောင်ဦးရွက် ဆက်လက် ဆောင်ရွက်သွားမည့်အကြောင်း ကတိပေး ပြောကြားသွားခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းက အထောက်အပံ့ ဒေါ်လာ ၇၇ သန်းပေးရေး အစီအစဉ်များကိုလည်း ထပ်မံတင်ပြသွားခဲ့ကြောင်းသိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။