အဓိက က တော့ကျွန် တော် က အလှူ အတန်းတွေကို နားတဲ့ အချိန်မှာ လုပ်ချင်တယ်။ ကိုယ့်ဆန္ဒ က ဒီလိုမျိုးရှိနေ တဲ့အတွက် လုပ် ဖြစ်တယ်။ ပြီးတော့ အပေါင်မြို့ နယ်မှာရှိတဲ့ ရွှေ ဘုံသာ ကျောင်းတိုက် ကလည်း ကျွန်တော်တို့ အမြဲတမ်းသွားဖြစ်တဲ့ ကျောင်းလေးပေါ့။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုန်းဘုန်းလို့လည်း ပြောလို့ ရပါတယ်။ ဘုရားရှိ တာကလည်း အဲဒီ ဘုန်းဘုန်းရဲ့ ကျောင်းဝင်းထဲမှာ ပဲ ပေါ့။ ဘုရားကိုပြန် မွမ်းမံမယ်၊ ထီးတော်ပြန်တင်မယ် ဆိုတော့ ကျွန်တော့် လည်း ကုသိုလ်ပါဝင်ချင် တာကြောင့် လုပ်ဖြစ် တာပါ။
ပြီးတော့ကျွန်တော်တို့ရဲ့ဇာတိလေး လည်းဖြစ်တဲ့အတွက်ကြောင့်ပါ။ ကိုယ့်ရဲ့ဇာတိ မှာ အခုလိုအလှူအတန်းတွေလုပ်ဖြစ်တဲ့ အတွက် တအားကို ပီတိဖြစ်ရပါတယ်”လို့ စိန်ဖူးတော်တင်ဖြစ်ခဲ့ ခြင်းအကြောင်းကို ပြောပြပါတယ်။ သာသနာတော် နှစ်၂၆ဝဝပြည့်ပွဲတော် အတွက် ဗုဒ္ဓဂယာကို သွားခဲ့တုန်းကလည်း စွယ်တော်ပွားကို ရရှိခဲ့တဲ့ အတွက် အိမ်မှာ ကိုးကွယ်ထားတဲ့ ဟိန်းဝေယံကို ဗုဒ္ဓစွယ် တော်ပွားနဲ့ ဘုရားတည် ဖို့အစီအစဉ်ရှိသေးလား ဆိုတော့..”
ဘုရားစိန်ဖူးတော် လှူတဲ့နေရာမှာတော့ စွယ်တော်ပွားကို မလှူ ဖြစ်ခဲ့ပါဘူး။ လောလော ဆယ်တော့ ဗုဒ္ဓစွယ် တော်ပွားကို ဘယ်လိုကိုး ကွယ်ရမလဲဆိုတာကို မစဉ်းစားရသေးဘူး။ ကျွန်တော် ကံကောင်းလို့ ရရှိလာ တဲ့၊ တကယ်ကို ကြီးကျယ် မြင့် မြတ်တဲ့ဘုရားရဲ့ ဓာတ်တော်မွေ တော်တွေကို ပြီးပြီးရောလည်း လုပ်လို့ ကောင်းတဲ့အရာမဟုတ်တဲ့ အတွက် ကျွန်တော် သေချာစဉ်း စားပြီးမှလုပ်ချင်ပါတယ်”လို့ ဗုဒ္ဓ စွယ်တော်ကို ဘုရားတည်ဖို့ သေချာစဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ပြောပြပါတယ်။
ဝဿန်
မူရင်းလင့်က ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။